EPL: ဘာစီလိုနာ ဂိုးသမား မန်စီးတီးမှ လေးနှစ်စာချုပ်ဖြင့် ခေါ်ယူ

, updated

မန်စီးတီးအသင်းရဲ့ ပထမဂိုးသမား ဖြစ်လာဖွယ် ရှိပါတယ်။

play

 

ဘာစီလိုနာ ဂိုးသမား ဘရာဗိုကို ခေါ်ယူလိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း မန်စီးတီးအသင်းက ယနေ့က အတည်ပြုကြေညာလိုက်ပါတယ်။

play

 

ပြောင်းရွှေ့ကြေးကို မဖော်ပြခဲ့ပေမဲ့ အဆိုပါဂိုးသမားအေတွက် မန်စီးတီးအသင်းက ပေါင် ၁၇ သန်းလောက်ပေးချေရဖွယ် ရှိနေပါတယ်။ ဘရာဗိုကို မန်စီးတီးအသင်းက လေးနှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းပထမဂိုးသမား ဖြစ်ခဲ့တဲ့ ဂျိုးဟတ်ကိုတော့ ထွက်ခွာခွင့် ပြုထားပြီးသား ဖြစ်ပါတယ်။

" မန်စီးတီးကို ပြောင်းလာရတဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီအသင်းမှာ ထူးခြားမှုတွေ အများကြီးရှိထားပြီးသား ဆိုတာ ကျွန်တော်သိပါတယ်။ အသင်းရဲ့ အနာဂတ် အောင်မြင်မှုတွေထဲမှာ ကျွန်တော်လည်း အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ချင်ပါတယ်" လို့ ဘရာဗိုက ပြောပါတယ်။

ဘာစီလိုနာလို အသင်းမျိုးကို စွန့်ခွာဖို့ဆိုတာ ခက်ခဲပေမဲ့ ဂွါဒီယိုလာရှိနေတာကြောင့် မန်စီးတီးကို ရောက်လာခဲ့တာလို့ ဘရာဗိုက ဆိုပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ