EPL: ကစားကွက်နှင့်အသားကျအောင် ရော်နယ်ဒိုထံမှ သင်ယူရန် စတာရစ်ခ်ျ သတိပေးခံရ

, updated

လက်ရှိကစားကွက်အပေါ် စိတ်ပျက်နေတဲ့ စတာရစ်ခ်ျကို လီဗာပူးနည်းပြ ဂျာဂင်ကလော့က သတိပေးလိုက်တာပါ။

play

 

လီဗာပူးအသင်းမှာ မိမိတာဝန်ယူကစားနေရတဲ့ ကစားကွက်နဲ့ပတ်သက်ပြီး စိတ်ပျက်ရကြောင်း တိုက်စစ်မှူးစတာရစ်ချက်က ပြောခဲ့ပြီးနောက်ပိုင်းမှာ အသင်းနည်းပြ ဂျာဂင်ကလော့်ခ်ျက ပြန်လည်ချေပလိုက်ပါတယ်။

play

 

အခု တိုက်စစ်မှူး စတာရစ်ခ်ျကို တာဝန်ပေးထားတဲ့ ကစားကွက်မျိုးဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ရော်နယ်ဒို ကစားနေတဲ့ နေရာဖြစ်ပြီး အမြဲတမ်းလည်း ဂိုးသွင်းယူနိုင်လေ့ရှိကြောင်း ဂျာဂင်ကလော့ကဆိုပါတယ်။ ဒါကြောင့် ကစားသမားအနေနဲ့ ကစားကွက်နဲ့ အသားကျအောင် ကြိုးစားဖို့ လိုတယ်လို့ ဆိုပါတယ်။ အရင်က ဂိုးဧရိယာထဲ အမြဲရှိရမယ့် နံပါတ် -၉ တိုက်စစ်မှူးတစ်ယောက်အဖြစ် စတာရစ်ခ်ျကစားခဲ့ပေမဲ့ အခုတော့ တောင်ပံနဲ့ ပင်နယ်တီဧရိယာထဲကို ချိတ်ဆက်ကစားပေးသူအဖြစ် စတာရစ်ခ်ျကို နည်းပြဂျာဂင်ကလော့က အသက်သွင်းထားတာပါ။

play

 

" ဒီနေရာမှာပဲနေ၊ ဒီနေရာကိုပဲသွားဆိုတဲ့ ပုံစံမျိုးက နောက်ဆိုရှိတော့မှာ မဟုတ်ပါဘူး။ ရီးရဲလ်မက်ဒရစ်မှာ ရော်နယ်ဒိုဆိုရင်တောင်ပံကို တာဝန်ယူထားပေမဲ့ ဘောလုံးက ဂိုးဧရိယာနား ရောက်နေပြီဆိုရင် သူအမြဲပဲ ဘောလုံးနားကို ရောက်လာတတ်တယ်။ စတာရစ်ခ်ျကို ကျွန်တော်က တောင်ပံမှာ ထားပြီးကစားမှာလည်း မဟုတ်ပါဘူး။ တစ်ချိန်လုံး မာရသွန်ကစားသမားသလို ပြေးခိုင်းနေတာလည်း မဟုတ်ပါဘူး" လို့ ဂျာဂင်ကလော့က ဆိုပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ