EPL: ဒီပို့တီပို တိုက်စစ်မှူးနှင့် ဗလန်စီယာ နောက်ခံလူကို ခေါ်ယူရန် အာဆင်နယ် သဘောတူညီမှု ရနေပြီဟု သိရ

, updated

အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင်မှာ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တာလို့ ဆိုပါတယ်။

play

 

အပြောင်းအရွှေ့ဈေးကွက်မပိတ်မီမှာ အာဆင်နယ်အသင်းက ဒီပို့တီပိုတိုက်စစ်မှူး လူးကပ်စ်ပီရက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားးပြီလို့ သိရပါတယ်။ ဒါ့အပြင် ဗလန်စီယာကစားသမား ဂျာမန်နောက်ခံလူ မူစတာဖီကိုလည်း ခေါ်ယူခွင့်ရဖို့ အနီးကပ်ဆုံး အခြေအနေကို ရောက်နေခဲ့ပြီလို့ သိရပါတယ်။

play

 

အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ရက်ပိုင်းအလိုမှာ နည်းပြအာစင်ဝင်းဂါးက သူကတိပေးထားတဲ့အတိုင်း ကစားသမားအသစ်တွေ ခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဗလန်စီယာနောက်ခံလူ မူစတာဖီအတွက် အာဆင်နယ်အသင်းဟာ ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းပေးချေဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။

play

 

ဒီပို့တီပို တိုက်စစ်မှူး လူးကပ်စ်ပီရက်ဇ်အတွက်ကို စာချုပ်ပါသဘောတူညီချက်အတိုင်း အာဆင်နယ်အသင်းဘက်က ပေါင် ၁၇.၁ သန်းပေးရင် ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။

play

 

အာဆင်နယ်အသင်းဟာ ယူရိုပြိုင်ပွဲမစတင်ခင်ကတည်းက ကွင်းလယ်လူ ရှာခါကိုလည်း ခေါ်ယူထားပါသေးတယ်။ ဒီကစားသမား သုံးဦးကို အပြီးသတ်ခေါ်ယူခဲ့မယ်ဆိုရင် မနှစ်က နွေရာသီမှာ  ပေါင်သန်း ၁၀၀ သုံးခဲ့တဲ့ အာဆင်နယ်ရဲ့ စံချိန်ကို မီလုနီးနီး ဖြစ်သွားတော့မှာပါ။

Source : BBC/ The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ