EPL: ဂိုးပေါက်ပျောက်နေသည့် ဗာဒီအတွက် မစိုးရိမ်တဲ့ ရေနီယာရီ

ရာသီအစ ပွဲစဉ်နှစ်ပွဲလုံးမှာ တိုက်စစ်မှူးဗာဒီ ဂိုးမသွင်းနိုင်သေးပါဘူး။

play

 

ရာသီအစပွဲစဉ် နှစ်ပွဲမှာ ဂိုးပေါက်ပျောက်ခဲ့တဲ့ လက်စတာတိုက်စစ်မှူး ဗာဒီဂိုးပြန်သွင်းနိုင်မယ်ဆိုတာ ယုံကြည်ကြောင်း အသင်းနည်းပြ ရေနီယာရီက ပြောကြားလိုက်ပါတယ်။

play

 

လက်စတာအသင်းဟာ ပွဲစဉ်နှစ်ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲမရသေးပဲ တစ်ဂိုးသာ ရရှိထားသေးပြီးရတဲ့ ဂိုးကလည်း ပင်နယ်တီကတဆင့် မာရက်ဇ်သွင်းယူထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဗာဒီဟာ ပုံမှန်ခြေစွမ်းမှာ ရှိနေတာကြောင့် မိမိအနေနဲ့ ဘာမှ မစိုးရိမ်ဘူးလို့ ရေနီယာရီက ပြောပါတယ်။

play

 

" ပြီးခဲ့တဲ့ ရာသီမှာ ဗာဒီဟာ ပြိုင်ဘက်တွေအတွက် အန္တရာယ်ရှိတဲ့ ကစားသမား ဖြစ်ခဲ့သလို ဂိုးသွင်းကောင်းတဲ့သူလည်း ဖြစ်ခဲ့တယ်။ အခုလည်း သူဟာ ဂိုးသွင်းဖို့ အာရုံစိုက်ထားဆဲပါပဲ။ " လို့ ဆိုပါတယ်။ အသင်းကစာသမားသစ်ဖြစ်တဲ့ မူဆာနဲ့ ဗာဒီ တိုက်စစ်အတွဲဟာ မကြာခင်ဒီထက်ပိုပြီး အတွဲညီလာလိမ့်မယ်လို့ နည်းပြက ယုံကြည်လျှက်ရှိပါတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ