EPL: ယူရိုပါလိဂ် အုပ်စုကျပ်အတွင်း ကျရောက်ခြင်းက ပိုကောင်းဟု မော်ရင်ဟို သုံးသပ်

မန်ယူအသင်းအတွက်သာမက ပရိသတ်တွေအတွက်လည်း ပိုကောင်းတယ်လို့ မော်ရင်ဟိုက ပြောပါတယ်။

play

 

ယူရိုပါလိဂ် ပြိုင်ပွဲမှာ မန်ယူအသင်း အုပ်စုကျပ်အတွင်း ကျရောက်လျှက်ရှိတာဟာ ကောင်းတဲ့အရာဖြစ်တယ်လို့ အသင်းနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။

play

 

သောကြာနေ့ညမှာ မဲခွဲမှုရလဒ်အရ မန်ယူအသင်းဟာ တူရကီကလပ် ဖီနာဘာချီ၊ နယ်သာလန်ကလပ် ဖီယင်နု၊ ယူကရိန်ကလပ် ဇာရာအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်လျှက်ရှိပါတယ်။ အနိုင်ယူဖို့ ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ တွေ့ရတာဟာ မန်ယူအသင်းအတွက် ကောင်းတယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။ ချန်ပီယံလိဂ်မှာဆိုရင် ဒီလိုအမြဲတမ်း ခက်ခဲလေ့ရှိတဲ့ ပွဲစဉ်တွေ ကစားရလေ့ရှိတာ ပုံမှန်ပဲလို့ မော်ရင်ဟိုက ဆိုပါတယ်။

play

 

" ဒီအုပ်စုဟာ ခက်ခဲတဲ့ အုပ်စုဆိုတာ ကျွန်တော်သိပါတယ်။ ဒါဟာ ကောင်းတဲ့အရာ ဖြစ်ပါတယ်။ အသင်းက ကြိုးကြိုးပမ်းပမ်း မကစားရဘူးဆိုရင် ဒီပွဲတွေမှာ ပရိသတ် ဘယ်ရှိတော့မလဲ။ ဒါဟာ ပရိသတ်အတွက်လည် ကောင်းသလို အသင်းအတွက်လည်း စိတ်ဓာတ်အင်အား ပိုကောင်းလာစေမှာပါ" လို့ မော်ရင်ဟိုက ဆိုပါတယ်။

play

 

မန်ယူဟာ ယူရိုပါလိဂ်မှာ အသင်းကစားသမားဟောင်း လက်ရှိဖီနာဘာချီတိုက်စစ်မှူး ဗန်ပါစီနဲ့ ပြန်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ