EPL: စပါးအသင်းတွင်သာ ရာသက်ပန် ဆက်နေလိုဟု ဟယ်ရီကိန်း ပြော

စပါးအသင်းက မထွက်ခွာလိုဘူးလို့ ဟယ်ရီကိန်းက ပြောကြားလိုက်ပါတယ်။

play

 

စကိုင်းစပို့တ်သတင်းဌာနရဲ့ အဆိုအရ အသင်းကြီးတွေစိတ်ဝင်စားနေတဲ့ စပါအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းဟာ စပါးအသင်းမှာပဲ ရာသက်ပန်ဆက်နေသွားလိုက်တယ်လို့ ပြောကြားလိုက်ပါတယ်။

play

 

အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ပရီးမီးယားလိဂ် အသင်းတွေသာမဟုတ်ပဲ စပိန်၊ အီတလီကလပ်အသင်းကြီးကပါ စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့တဲ့ ဟယ်ရီကိန်းက အသင်းမှာ ဆက်နေချင်ရတဲ့ အကြောင်းအရင်းဟာ ကလပ်အသင်းရဲ့ ချမှတ်ထားတဲ့ ပန်းတိုင်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

" လက်ရှိအချိန်မှာလည်း စပါးအသင်းက အကောင်းဆုံးအခိုက်အတန့်ကို ပိုင်ဆိုင်ထားတာပါ။ အသင်းမှာ ရှေ့ဆက်မယ့် အစီအစဉ်ကောင်းတွေလည်း အများကြီးရှိတယ်။ အသင်းရဲ့ခြေစွမ်းတက် လူငယ်တွေရှိနေတာလည်း စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ကွင်းစီမံကိန်းအသစ်ကလည်း မကြာခင်လာတော့မှာဆိုတော့ အားလုံးက အစီအစဉ်တကျပါပဲ။ ဒါကြောင့် ဒီအသင်းမှာပဲ ကစားသမားဘဝကို ကုန်ဆုံးဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့်ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ရမှာပါပဲ"လို့ ဟယ်ရီကိန်းက ဆိုပါတယ်။

Source : Sky Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ