EPL: ချန်ပီယံဖြစ်ဖို့ ရည်မှန်းထားတဲ့ မော်ရင်ဟို

မန်ယူအသင်းရဲ့ ရာသီကုန် ရည်မှန်းချက်ကို မော်ရင်ဟိုက ကစားသမားတွေကို ပြတ်ပြတ်သားသား မှာကြားထားတယ်လို့ ဆိုပါတယ်။

play

 

ရာသီအစမှာ ရလဒ်ကောင်းနေတဲ့ မန်ယူအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ပြန်ရရုံသာမက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့အထိပါ နည်းပြမော်ရင်ဟို ရည်မှန်းထားကြောင်း သိရပါတယ်။

play

 

မန်ယူအသင်းရဲ့က သတင်းရင်းမြစ်တစ်ခု ပြောကြားချက်ကို ကိုးကားပြီးဒေးလီးမေးလ်သတင်းစာက ဖော်ပြရမှာ နည်းပြမော်ရင်ဟိုအနေနဲ့ နောက်ထပ်ကစားသမားသစ် ထပ်ခေါ်ဖို့လည်း အစီအစဉ် မရှိတော့ဘူးလို့ သိရပါတယ်။ အသင်းက ဘယ်ကစားသမားကိုမှလည်း အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ရောင်းထုတ်သွားမှာ မဟုတ်တော့ဘူးလို့ အဆိုပါ သတင်းရင်းမြစ်က ပြောကြားပါတယ်။ မောရင်ဟိုဟာ အသင်းမှာ ကစားသမားတွေကို နေရာအတည်အတကျဖြစ်စေဖို့ အထိုင်ချနေပြီး ချန်ပီယံဖြစ်အောင်ကစားကြဖို့ တိုက်တွန်းထားကြောင်းလည်း သိရပါတယ်။

play

 

" ကစားသမားတွေကို အထိုင်ချထားပြီးတဲ့အခါမှာ မော်ရင်ဟိုက သူဘယ်ကစားအသစ်မှ ထပ်မလိုတော့ဘူးလို့ ပြောပါတယ်။ တစ်ဖက်ကလည်း ဘယ်ကစားသမားကိုမှလည်း ထုတ်မရောင်းတော့ဘူးလို့ ဆိုထားပါတယ်။ သူလိုချင်တာက ရှင်းပါတယ်။ အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ပြန်ရဖို့မဟုတ်ပဲ ချန်ပီယံဖြစ်ဖို့ပါ" လို့ အိုးထရက်ဖို့ဒ်က သတင်းရင်းမြစ်တစ်ခုပြောကြားခဲ့တာကို ကိုးကားပြီး မေးလ်အွန်လိုင်းသတင်းစာက ဖော်ပြပါတယ်။

play

 

မော်ရင်ဟိုက အသင်းပထမအသင်းကစားသမားဖြစ်တဲ့ ရှဝိန်းစတိုင်ဂါကို အသင်းကြီးစာရင်းထဲမှာ ထည့်မထားပဲ လူငယ်တွေနဲ့သာ လေ့ကျင့်ခန်းဆင်းခွင့်ပေးထားပေမယ့် ထုတ်မရောင်းသေးဘူးလို့ သိရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ