EPL: လက်စတာနဲ့ အာဆင်နယ် ဒီရာသီပထမဆုံး နိုင်ပွဲရ

လက်စတာတိုက်စစ်မှူး ဗာဒီလည်း ပထမဆုံး ဂိုးပေါက်ပြန်တွေ့တဲ့ ပွဲဖြစ်ပါတယ်။

play

 

ပရီးမီးယားလိဂ် ပွဲစဉ်-၃ မှာ ဝက်ဖို့ဒ်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ကစားခဲ့ရတဲ့ အာဆင်နယ်အသင်းက ဒီရာသီ ပထမဆုံး နိုင်ပွဲကို ရရှိသွားခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်း တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ကာဇိုလာ၊ ဆန်းချက်ဇ်နဲ့ အိုဇေးတို့က ပထမပိုင်းမှာတင် သွင်းယူခဲ့ကြတာဖြစ်ပါတယ်။

ပထမပိုင်းမှာ အာဆင်နယ်အသင်းရဲ့ တစ်ဖက်သက် ဖိကစားပုံကြောင့် ဝက်ဒ်ဖို့ဒ်အသင်းဟာ ဘာမှ မတက်နိုင်ဖြစ်ခဲ့ရပါတယ်။ ဆန်းချက်ဇ်ကို ကြမ်းကြမ်းတမ်းတမ်း ဖျက် ထုတ်ခဲ့တာကြောင့် အာဆင်နယ်အသင်း ၉ မိနစ်မှာတင် ပင်နယ်တီရပြီး ကာဇိုလာ ကန်သွင်းယူခဲ့တာပါ။

play

 

ပွဲချိန် ၄၀ မိနစ်မှာ  အာဆင်နယ်အသင်း ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။ တန်ပြန်တိုက်စစ်ကတဆင့် ဂိုးရှေ့ရောက်နေတဲ့ ဆန်းချက်ဇ်ထံကို ဘောလုံးထိုးပေးလိုက်တာမှာ ဆန်းချက်ဇ်ပြန်ကန်လိုက်တဲ့ ဘောလုံးက လည်ထွက်ပြီး ဂိုးထဲကို ရောက်သွားခဲ့တာဖြစ်ပါတယ်။

play

 

ပထမပိုင်းပြီးခါနီးမှာ အာဆင်နယ်မမျှော်လင့်ပဲ နောက်တစ်ဂိုးရပါတယ်။ ဘယ်ခြမ်းကနေ ဆန်းချက်ဇ်ဖြတ်တင်လိုက်တဲ့ဘောလုံးကို နောက်ကပြေးတက်လာတဲ့အိုဇေး ခေါင်းတိုက်သွင်းလိုက်တာပါ။

play

 

ဒုတိယပိုင်းပြန်စပြီး ၁၂ မိနစ်အကြာမှာ ဝက်ဖို့ဒ်အတွက် တစ်လုံးတည်းသော ချေပဂိုးကို ပီရေးရာက သွင်းပေးနိုင်ခဲ့ပါတယ်။

play

 

တစ်ဖက်မှာတော့ ချယ်လ်ဆီးအသင်းက ဘန်လေကို ဟာဇက် ဝီလျံတို့ရဲ့ အစောပိုင်းသွင်းဂိုးနှစ်ဂိုးအပြင် ပွဲပြီးခါနီးမှ သွင်းတဲ့ မော့ဆက်ရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။

play

 

လက်စတာကလည်း ဆွမ်ဆီးကို ၂-၁ ဂိုးနဲ့ အနိုင်ယူပြီး ဒီရာသီ ပထမဆုံး နိုင်ပွဲကို ရခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် - ၃ ရလဒ်များ

လက်စတာ ၂-၁ ဆွမ်ဆီး
ဝက်ဖို့ဒ် ၁-၂ အာဆင်နယ်
ခရစ္စတယ်ပဲလေ့စ် ၁-၁ ဘုန်းမောက်
အဲဗာတန် ၁-၀ စတုတ်စီးတီး
ဆောက်သမ်တန် ၁-၁ ဆန်းဒါးလန်း
ချယ်လ်ဆီး ၃-၀ ဘန်လေ
စပါး ၁-၁ လီဗာပူး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ