EPL: နာကျင်အချိန်ပို သွင်းဂိုးနဲ့ မန်ယူရာနှုန်းပြည့် နိုင်ပွဲဆက်

, updated

ဟားလ်စီးတီးကို အနိုင်ရဖို့ မန်ယူအသင်း မိနစ်ကိုးဆယ်လုံးလုံး ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပါတယ်။

ရာသီအစ နှစ်ပွဲလုံး နိုင်ပွဲရထားတဲ့ ဟားလ်စီးတီးက မန်ယူနဲ့အတွေ့မှာ နိုင်ပွဲ ရပ်တန့်သွားပါတယ်။

play


ရာသီအစ နှစ်ပွဲမှာ သုံးဂိုးသွင်းထားတဲ့ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျနဲ့အတူ မန်ယူအသင်းက မာရှယ်၊ ရွန်နေးတို့ကိုတိုက်စစ်အတွက် ပွဲထုတ်ခဲ့ပါတယ်။

play


ပွဲစပြီး ၉ မိနစ်မှာတင် ဖြတ်တင်ဘောကို တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျ ခေါင်းတိုက်သွင်းယူခဲ့ပေမဲ့ ဂိုးဘားတန်းပေါ်က ကပ်ပြီး လွဲသွားခဲ့ပါတယ်။ ၂၇ မိနစ်မှာ ဒီယိုမန်ဒီကို ကစားပုံကြမ်းခဲ့တဲ့ ဖယ်လိုင်နီ အဝါကတ်ပြ သတိပေးခံရပါတယ်။

play


ပထမပိုင်း ပြီးခါနီး မိနစ်ပိုင်းအလိုမှာတင် မန်ယူအသင်း ရခဲ့တဲ့ ဂိုးသွင်းခွင့်က ငါးကြိမ်လောက် ရှိခဲ့ပါတယ်။

play


၇၁ မိနစ်မှာ မာတာအစား တိုက်စစ်မှူး ရက်ရှ်ဖို့ ဝင်ရောက်လာခဲ့ပါတယ်။ ၇၃ မိနစ်မှာ အီဗရာဟီမိုဗစ်ခ်ျနဲ့ ရွန်နေးရဲ့ ကြိုးစားမှုကတစ်ဆင့် ဂိုးရဖို့  အရမ်းနီးစပ်ခဲ့ပေမဲ့ ကပ်လွဲသွားခဲ့ပြန်ပါတယ်။ ၇၈ မိနစ်နောက်ပိုင်းမှာတင် မန်ယူအသင်းဟာ ဂိုးရဖို့ နီးစပ်တဲ့အခွင့်အရေး သုံးကြိမ်ထက်မနည်း ရခဲ့ပြန်ပါသေးတယ်။

play


နာကျင်အချိန်ပို အရောက်မှာတော့ မန်ယူ အနိုင်ဂိုး ရသွားပါတယ်။ ရွန်နေး ဘယ်ခြမ်းကနေ နောက်ခံကစားသမား တစ်ယောက်ကို ကျော်ဖြတ်ပြီး ဂိုးရှေ့ဖြတ်ပို့လိုက်တဲ့ ဘောလုံးကို ရက်ရှ်ဖို့ဒ်က ပိတ်သွင်းလိုက်တာပါ။ ဒီဂိုးကြောင့် မန်ယူအသင်း ရာနှုန်းပြည့် နိုင်ပွဲ ဆက်ခဲ့ပါတယ်။

play

Source : Daily Mail/ Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ