EPL: အောင်ပွဲခံတာ ရပ်ပြီး လဲကျသွားတဲ့ ပရိတ်သတ်ကို ကူညီပေးခဲ့တဲ့ ဖယ်လိုင်နီ

, updated

ဟားလ်စီးတီးကို မန်ယူက နောက်ကျဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ဒီဖြစ်ရပ် ဖြစ်ခဲ့တာပါ။

play

 

ဟားလ်စီးတီးအသင်းကို မန်ယူက မိနစ် ၉၀ ရောက်မှ သွင်းတဲ့ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ မန်ယူကစားသမား ဖယ်လိုင်နီရဲ့ လုပ်ရပ်အပေါ် ပရိသတ်တွေနဲ့ မီဒီယာတွေက ချီးကျူးပြောဆိုလျက်ရှိပါတယ်။

play

 

ပွဲပြီးခါနီမှာ ရက်ရှ်ဖို့ဒ်က ဂိုးသွင်းယူလိုက်ပြီးတဲ့နောက် မန်ယူအသင်းကစားသမားတွေဟာ ပရိသတ်တွေရှိရာကွင်းဘေးကို ပြေးသွားပြီး အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။ မန်ယူအသင်း ကစားသမားအချို့ဟာ ရှေ့ဆုံးတန်းက ပရိသတ်တွေနဲ့ ထွေးပွေ့ပြီး အောင်ပွဲခံနေတဲ့ အချိန် လူအုပ်ထဲမှာ အမျိုးသမီးတစ်ဦးလဲကျသွားတာ ဖြစ်ပါတယ်။

play

 

ဒါကို မြင်လိုက်တဲ့ ဖယ်လိုင်နီက အောင်ပွဲခံတာကို ရပ်တန့်ပြီး အဆိုပါအမျိုးသမီးထံ ပြေးသွားကာ ချက်ခြင်းပြန်မထနိုင် ဖြစ်နေတဲ့ သူမကို ထူပေးဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

play

 

အဆိုပါအမျိုးသမီးရဲ့နောက်မှာ များလှတဲ့ ပရိသတ်တွေက ကစားသမားတွေနဲ့ နီးကပ်အောင် ရှေ့ကိုတိုးဖို့ ကြိုးစားကြတဲ့အတွက် လူအုပ်ပြိုမှု ဖြစ်ပွားခဲ့လို့ ဖယ်လိုင်နီ အကူအညီပေးဖို့ ကြိုးစားတာ မအောင်မြင်ခဲ့ပါဘူး။ အဲဒီနောက် ကွင်းဘေးက တာဝန်ရှိသူတွေကိုခေါ်ပြီး အဆိုပါအမျိုးသမီးကို ကူညီပေးဖို့ ပြောဆိုခဲ့တာပါ။

play

 

မန်ယူအသင်းဟာ ရက်ရှ်ဖို့ဒ်ရဲ့ နောက်ကျဂိုးကြောင့် ဟားလ်စီးတီးကို အနိုင်ရပြီး ရာနှုန်းပြည့် နိုင်ပွဲဆက်လျက်ရှိပါတယ်။

Source : Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ