EPL: စတာလင် ခြေစွမ်းပြလို့ မန်စီတီး ရာနှုန်းပြည့်နိုင်ပွဲဆက်ပြီး အမှတ်ပေးဇယားကို ဦးဆောင်

, updated

နောက်ဆုံးမိနစ်မှာ သွင်းတဲ့ဂိုးနဲ့အတူ မန်စီးတီးရဲ့ သွင်းဂိုးဟာ သုံးပွဲမှာ ကိုးဂိုးအထိ ရှိလာခဲ့ပါပြီ။

play

 

နည်းပြဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာ အတည်ငြိမ်ဆုံးအသင်းဖြစ်ပြီး ပွဲစဉ်-၃ ပြီးဆုံးတဲ့အချိန်မှာ ရာနှုန်းပြည့်နိုင်ပွဲယူပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။

play

 

မန်စီးတီးကွင်းမှာ လာကစားခဲ့ရတဲ့ ဝက်စ်ဟမ်းအသင်းဟာ ပွဲစတာနဲ့ မန်စီးတီးအသင်းရဲ့ မုန်းတိုင်းမွှေသလို တရစပ် တိုက်စစ်ဆင်မှုကြောင့် စောစောစီးစီး ဂိုးတွေပေးလိုက်ရပြီး ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

play

 

မန်စီးတီးအတွက်  ဦးဆောင်ဂိုးဟာ ၇ မိနစ်မှာတင် ရခဲ့တာပါ။  ပထမဆုံး ရခဲ့တဲ့ ဒီဂိုးဟာ ဆေးလ်ဗားနဲ့ နိုလီတိုရဲ့ အကွက်မြင်မှုတွေကြောင့် ရခဲ့တာပါ။ စတာလင်က အမှားအယွင်းမရှိသွင်းလိုက်လို့ မန်စီးတီးဟာ စောစောစီးစီး ရခဲ့ပါတယ်။

play

 

နောက်တစ်ခါ ပွဲချိန် ၁၈ မိနစ်မှာတင် ဒုတိယဦးဆောင်ဂိုးကို မန်စီးတီးထပ်ရခဲ့ပါတယ်။ အလွတ်တည်ကန်ဘောကတစ်ဆင့် ဒီဘရိုင်း ဖြတ်တင်လိုက်တဲ့ ဘောလုံးကို ဖာနန်ဒိုက ခေါင်းတိုက်သွင်းယူလိုက်တာဖြစ်ပါတယ်။

play

 

မိနစ် ၃၀ လောက်မှ ဝက်စ်ဟမ်းအသင်း မထင်မှတ်ဘဲ ဂိုးကန်သွင်းဖို့ တစ်ကြိမ်အခွင့်အရေးရခဲ့ပေမဲ့ အဆုံးသတ်ဖို့ အားနည်းတဲ့အတွက် ချေပဂိုးမရခဲ့ပါဘူး။ ဒုတိယပိုင်း ပြန်စပြီး ၁၃ မိနစ်မှာ ဝက်စ်ဟမ်း ချေပဂိုး ပြန်ရပါတယ်။ မာဆော့ကူရဲ့ ဖြတ်ပေးပို့မှုကို နောက်ခံလူ အန်တိုနီယိုက အဆုံးသတ်ပေးလိုက်ပြီး ချေပဂိုး ယူလိုက်တာဖြစ်ပါတယ်။

play

 

ဝက်စ်ဟမ်းအသင်းဟာ ရလဒ်မကောင်းခဲ့ပေမဲ့ မန်စီးတီးဘက်ကို ဂိုးသွင်းနိုင်ခဲ့လို့ ပရီးမီးယားလိဂ်မှာ ၁၆ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ စံချိန်ကို ရသွားခဲ့ပါတယ်။

play

 

တစ်ဂိုးအသာနဲ့ အနိုင်ရတာဖြစ်ပေမဲ့ မန်စီးတီးအသင်းက နောက်ထပ် ဂိုးရဖို့ ဆက်တိုက်ဖိအားပေးခဲ့လို့ ပွဲချိန် ပြီးခါနီးမှာ တစ်ဂိုး ထပ်ရသွားခဲ့ပါတယ်။ ဆေးလ်ဗား ဂိုးသွင်းဖို့ ကြိုးစားမှုကတစ်ဆင့် ရလာတဲ့ ဘောလုံးကို စတာလင်ကပဲ သွင်းယူလိုက်တာ ဖြစ်ပါတယ်။

Source : Daily Mail/ Flashscore

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ