EPL: ပြိုင်ဘက်ကို တံတောင်နှင့်တွက်သည့် အဂူရို ပွဲပယ်ခံရဖွယ်ရှိ

ကွင်းလယ်ဒိုင်က အရေးယူမှု မလုပ်ခဲ့တဲ့အတွက် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပြန်လည်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

play

 

ဝက်စ်ဟမ်းအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ မန်စီးတီးကစားသမား အဂူရိုက ပြိုင်ဘက်ကစားသမားကို တံတောင်နဲ့ တွက်ခဲ့တဲ့အတွက် ပွဲပယ်ပြစ်ဒဏ် ကျခံရဖို့ရှိနေကြောင်း သိရပါတယ်။

play

 

မန်စီးတီးက ၂-၁ ဂိုးနဲ့အနိုင်ရနေတဲ့အချိန်မှာ တိုက်စစ်မှူး အဂူရိုနဲ့ ဝက်စ်ဟမ်းအသင်း နောက်ခံကစားသမား ဝင်စတန်ရိဒ်တို့ ဘောလုံးယှဉ်လုစဉ် ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။ နောက်မှာရှိနေတဲ့ ရိဒ်ကို အဂူရိုတံတောင်နဲ့ တွက်လိုက်တာ ရုပ်သံအနှေးပြကွက်မှာ ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။

play

 

အဲဒီအနားမှာ ကွင်းလယ်ဒိုင် မာရီနာ ရှိနေခဲ့ပေမဲ့ ပြစ်ဒဏ်ဘောအဖြစ် မသတ်မှတ်ခဲ့ပါဘူး။ ဒီဖြစ်ရပ်အပေါ် ကွင်းလယ်ဒိုင်က ဘယ်လိုအပြစ်ပေးမှုမှ မလုပ်ခဲ့တဲ့အတွက် အက်ဖ်အေစည်းကမ်းထိန်းသိမ်းရေး ကော်မတီက ပြန်လည်ကြားနာဖွယ် ရှိနေပါတယ်။ အဂူရိုက ပြိုင်ဘက်ကို တမင်ရည်ရွယ်ပြီးလုပ်ခဲ့တာဖြစ်ကြောင်း ခိုင်မာမယ်ဆိုရင် ဒီလိုပြစ်မှုမျိုးက သုံးပွဲပယ်ပြစ်ဒဏ် ကျခံရဖွယ် ရှိနေပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ