EPL: ဒီတစ်ပတ် ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား (၁၁) ဦးစာရင်း

ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းဖြစ်ပါတယ်။

play

 

ပရီးမီးယားလိဂ်ပွဲစဉ်-၃ ပြီးဆုံးသွားချိန်မှာ အတည်ငြိမ်ဆုံးခြေစွမ်းနဲ့ မန်စီးတီးက အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။ ဒီတစ်ပတ် ခြေစွမ်းပြခဲ့တဲ့ ကစားသမား ၁၁ ကို အကောင်းဆုံးအသင်းအဖြစ် ESPN ကရွေးချယ်ဖော်ပြပေးထားပါတယ်။

၁။ ရှေးဂစ်ဗင် (စတုတ်စီးတီး)

အဲဗာတန်ကို ရှုံးခဲ့ပေမဲ့ ရှေးဂစ်ဗင်ကြောင့်သာမဟုတ်ရင် ဒီထက်ပိုပြီး ဂိုးပြတ်သွားခဲ့မှာ သေချာပါတယ်။ ဒါကြောင့်လည်း အသက် ၄၀ လောက်ဖြစ်နေပေမဲ့ရှေးဂစ်ဗင်ဟာ စတုတ်ရဲ့ပထမပွဲထွက် ကစားသမား ဖြစ်နေတာပါ။

၂။ ဟိုးလ်ဂိတ် (အဲဗာတန်)

play

 

အသက် ၁၉ နှစ်သာရှိသေးတဲ့ နောက်ခံကစားသမားတစ်ဦးဖြစ်ပေမဲ့ သူ့ရဲ့ခြေစွမ်းကောင်းမွန်ပြီး ဂိုးမပေးရအောင် အကောင်းဆုံး ကာကွယ်နိုင်ခဲ့တာ ဒီပွဲမှာ တွေ့ခဲ့ရပါတယ်။

၃။ ဒေးဗီးစ် ( ဟားလ်စီးတီး)

မန်ယူအသင်းကို ရှုံးခဲ့ရဲ့သားနဲ့ ဒီဟားလ်စီးတီး နောက်ခံကစားသမားက ဘာကြောင့် အကောင်းဆုံးကစားသမား ၁၁ ဦးထဲမှာပါလာတာလဲလို့ မေးစရာရှိပါတယ်။ ဒါပေမဲ့ ဒေးဗီးစ်ဟာ မန်ယူတစ်ချိန်လုံးဆင်နေတဲ့ တိုက်စစ်ကိုမိနစ်ကိုးဆယ်လုံး ဂိုးမပေးရအောင် ဟန့်တားနိုင်ခဲ့လို့ ပါ။

၎။ ဂျွန်စတုန်း (မန်စီးတီး)

မန်စီးတီးအတွက် နောက်တန်းမှာ အားကိုးရရုံသာမက ဂိုးရမှုအတွက်ပါ အထောက်အကူဖြစ်ခဲ့သူပါ။

၅။ ဒန်နီရို့စ် (စပါး)

စပါးအသင်းအတွက် ခံစစ်ရော တိုက်စစ်မှာပါ အားကိုးခဲ့ရသူဖြစ်ပြီး အင်္ဂလန်လူစာရင်းမှာလည်း ပါဝင်လာခဲ့ပါပြီ။

၆။ ဒရင့်ခ်ဝါးတား (လက်စတာစီးတီး)

play

 

လက်စတာ ပထမဆုံးရတဲ့နိုင်ပွဲမှာ ကွင်းလယ်ကို အဓိကထိန်းကျောင်းနိုင်ခဲ့တာ ဒရင့်ခ်ဝါးတားပါ။

၇။ အာတာ (ဘုန်းမောက်)

ဟယ်ရီအာတာရဲ့ ဖြတ်တင်ဘောဟာ ဘုန်းမောက်အသင်းကို ဦးဆောင်ဂိုးရစေခဲ့တာဖြစ်ပြီး အသင်းအတွက် နောက်ထပ် အခွင့်အရေးတွေလည်း ဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။

၈။ ဟာဇက် (ချယ်လ်ဆီး)

ဟာဇက်ပြန်လာပြီလို့ ပြောနေကြတာကို ဒီပွဲမှာ အဆိုပါကစားသမားအကောင်းဆုံး သက်သေပြနိုင်ခဲ့ပါတယ်။

၉။ စတာလင် (မန်စီးတီး)

play

 

မန်စီးတီးရဲ့ ဂိုးပြတ်နိုင်ပွဲဟာ စတာလင်ရဲ့ ခြေစွမ်းတောက်ပခဲ့မှုကြောင့်ဖြစ်ပါတယ်။ အဖွင့်ဂိုးနဲ့ နောက်ဆုံးဂိုး သွင်းပေးနိုင်ခဲ့သူပါ။

၁၀။ ပန်ချီယွန် (ခရစ္စတယ်ပဲလေ့စ်)

ခရစ္စတယ်ပဲလေ့စ် သရေတစ်မှတ်ရခဲ့တာ ပန်ချီယွန်ရဲ့ ခြေစွမ်းပြမှုက အဓိက ဖြစ်ခဲ့ပြီး သူ့ပေးပို့မှုကတစ်ဆင့် ရခဲ့တာပါ။

၁၁။ ဆန်းချက်ဇ်

နွေရာသီ အားလပ်ရက်အတွင်း ချီလီအသင်းနဲ့အတူ ဗိုလ်လုပွဲအပြီးထိ ကစားခဲ့ရပေမဲ့ ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းအတွက် လန်းလန်းဆန်းဆန်း ကစားနေနိုင်ဆဲ ကစားသမားဖြစ်နေပါတယ်။ ဝက်ဖို့ဒ်ကို ၃-၁ နဲ့ နိုင်တဲ့ပွဲစဉ်မှာ တစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးပေးခဲ့သူဖြစ်ပါတယ်။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ