EPL: ဂါရက်ဘေးလ်ကို မန်ယူထပ်ခေါ်ဦးမည်ဟု ဆို

မန်ယူအသင်းက ထိပ်သီးကစားသမားတွေခေါ်ရာမှာ အသင်းစပွန်ဆာ Adidas ရဲ့ အကူအညီတွေ ရနေတယ်လို့ ဆိုပါတယ်။

play

 

ရီးရဲလ်မက်ဒရစ် ကစားသမား ဂါရက်ဘေးလ်ကို မန်ယူအသင်းက လာမယ့်နှစ်မှာ ခေါ်ယူဖို့ အစီအစဉ်ဆွဲထားကြောင့် ဒေးလီးစတား အွန်လိုင်းသတင်းစာ ရေးသားဖော်ပြလိုက်ပြန်ပါတယ်။

play

 

မနှစ်က မန်ယူအသင်းဟာ အားကစားကုမ္ပဏီ Adidas နဲ့ ပေါင်သန်း ၇၅၀ တန်ဖိုးရှိတဲ့ စပွန်ဆာ စာချုပ်တစ်ရပ်ချုပ်ဆိုထားတာကြောင့် စံချိန်တင်ကစားသမားတွေကို ခေါ်ယူနိုင်မယ့်ဘဏ္ဍာရေးကို ပိုင်ဆိုင်ထားကြောင်း ထောက်ပြ ရေးသားနေကြပါတယ်။ ဂါရက်ဘေးလ်းကို ခေါ်ယူဖို့ မန်ယူအသင်းဟာ လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက စိတ်ဝင်စားနေခဲ့တာလည်း ဖြစ်ပါတယ်။

play

 

နည်းပြဗန်ဟားလ်ကို မခန့်အပ်ခင် ဒေးဗစ်မိုယက်စ်လက်ထပ်ကတည်းက ရီးရဲလ်မက်ဒရစ်ကစားသမား ဂါရက်ဘေးလ်ကို ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ဟာ အသက်အရွယ်ရလာတဲ့ ရော်နယ်ဒိုကို ကျောထောက်နောက်ခံထားဖို့ ဂါရက်ဘေးလ်ကို မရောင်းချလိုဘဲ ဖြစ်နေပါတယ်။ ပေါ့ဂ်ဘာကို ခေါ်ယူခဲ့ရာမှာ မန်ယူအသင်းနဲ့ စပွန်ဆာ စာချုပ်ရှိခဲ့တဲ့ Adidas ရဲ့ ကူညီပါဝင်မှု အများအပြား ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ပေါ့ဂ်ဘာအပြင် ဂါရက်ဘေးလ်ကလည်း Adidas နဲ့ စပွန်ဆာချုပ်ထားတဲ့ စာချုပ်ရှိတဲ့ ကစားသမား ဖြစ်နေပါတယ်။

Source : Daily Star

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ