EPL: မန်စီးတီး ဂိုးသမား ဂျိုးဟတ် အီတလီကလပ် တိုရွန်တိုသို့ ရောက်တော့မည်

အပြောင်းအရွှေ့ကို ဒီနေ့အပြီးသတ်မယ်လို့ သိရပါတယ်။

play

 

မန်စီးတီးအသင်းမှာ ပထမဂိုးသမားနေရာ ပျောက်ဆုံးခဲ့ပြီးနောက်အသင်းဂိုးသမား ဂျိုးဟတ်ဟာ အီတလီကလပ် တိုရွန်တိုအသင်းကို အငှားပြောင်းရွှေ့တော့မှာ ဖြစ်ပြီး အပြောင်းအရွှေ့ကို ဒီနေ့ အပြီးသတ် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

play

 

အင်္ဂလန်အသင်းနဲ့ လေ့ကျင့်ခန်းဆင်းဖို့ရှိနေပေမယ့်  အသင်းအပြောင်းအရွှေ့တွေ အပြီးသတ်လုပ်ဆောင်ဖို့ ဂျိုးဟတ်ကို လက်ရွေးစင်နည်းပြ ဆမ်အလာဒိုက်ကလည်း ခရီးထွက်ဖို့ ခွင့်ပြုထားပါတယ်။ ဂိုးသမားဂျိုးဟတ်ကို  ခေါ်ယူဖို့ ဆန်းဒါးလန်း၊ အဲဗာတန် အသင်းတို့ကလည်း စိတ်ဝင်စားခဲ့ပေမယ့် တိုရွန်တိုအသင်းက မန်စီးတီးအသင်းနဲ့ အပြီးသတ် ညှိနှိုင်းလိုက်တာ ဖြစ်ပါတယ်။

play

 

ဂျိုးဟတ်ကို ခေါ်ယူဖို့ ဆွေးနွေးညှိနှိုင်းမှုတွေကို အပြီးသတ်လုပ်ဆောင်နေကြာင်း တိုရွန်တိုအသင်း အားကစားဒါရိုက်တာ ပက်ထရာချီကလည်း ပြောကြားထားပါတယ်။ မန်စီးတီးအသင်းက ဂျိုးဟတ်ကို တစ်ပတ်လုပ်ခ ပေါင် ကိုးသောင်းပေးချေနေရမှုကို သက်သာစေဖို့အတွက် အငှားချဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး နောက်ရာသီမှာ အပြီးသတ် ရောင်းချဖွယ် ရှိနေပါတယ်။

Source : Express

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ