EPL: အာဆင်နယ် ခေါ်ယူမည့် တိုက်စစ်မှူးသစ် လန်ဒန်ကို ရောက်ရှိလာ

အာဆင်နယ်အသင်းရဲ့ ပေါင် ၁၇ သန်းတန် တိုက်စစ်မှူး အသစ်ဖြစ်ပါတယ်။

play

 

အာဆင်နယ်အသင်း ခေါ်ယူမယ့် တိုက်စစ်မှူးသစ် လူးကပ်စ်ပီရက်ဇ်ဟာ လန်ဒန်ကို ယမန်နေ့ညနေက ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။ ယခုတစ်ပတ် လိဂ်ပွဲတွေရပ်နားထားတဲ့အချိန် နိုင်ငံတကာပွဲတွေ ကစားပြီးတဲ့အခါ တိုက်စစ်မှူး ပီရက်ဇ်ဟာ  အာဆင်နယ်အသင်းနဲ့ ပူးပေါင်းနိုင်မှာပါ။

play

 

ဒီပို့တီပိုတိုက်စစ်မှူး လူးကပ်စ်ပီရက်ဇ်အတွက် အာဆင်နယ်အသင်းက ပေါင် ၁၇ သန်းဝန်းကျင်ပေးချေခဲ့ရပြီး၊ ပြီးခဲ့တဲ့တစ်ပတ်အတွင်းက ဆေးစစ်မှုတွေ ပြုလုပ်ခဲ့တာပါ။ မနှစ်က ဒီပို့တီပိုအသင်းက ရလဒ်ကောင်းဖို့ ရုန်းကန်ခဲ့ရပေမဲ့ တိုက်စစ်မှူး ပီရက်ဇ်က အသင်းအတွက် ၁၇ ဂိုးသွင်းနိုင်သူဖြစ်ပါတယ်။

play

 

အပြောင်းအရွှေ့ ဈေးကွက်မပိတ်ခင်မှာ ကစားသမားသမားသစ်နှစ်ဦးကို ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်း အာစင်ဝင်းဂါးကလည်း အတည်ပြုထားပါတယ်။ " ကစားသမားသစ်နှစ်ယောက် ကျွန်တော်တို့ ခေါ်နိုင်ခဲ့ပါတယ်။ မူစတာဖီနဲ့ ပီရက်ဇ် တို့ဖြစ်ပါတယ်။ လောလောဆယ် စာချုပ်အပြီးသတ် ချုပ်တော့မှာပါ။ နောက်ထပ်ကစားသစ်ခေါ်ဖို့ မရှိတော့ပါဘူး" လို့ အာစင်ဝင်းဂါးက ပြောပါတယ်။

Source  : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ