EPL: ပြိုင်ဘက်ကို တံတောင်နှင့်တွတ်သည့် အဂူရို မန်ယူနှင့်ပွဲစဉ် ပွဲပယ်ခံရဖွယ် ရှိနေ

အဂူရိုကို စည်းကမ်းထိန်းသိမ်းရေးက စွဲချက်တင်လိုက်ပြီဖြစ်ပါတယ်။

play

 

မန်စီးတီးက ဝက်စ်ဟမ်းအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲပွဲစဉ်မှာ ပြိုင်ဘက်ကစားသမားကို တံတောင်နဲ့ တွတ်ခဲ့တဲ့ အဂူရိုကို အက်ဖ်အေက စွဲချက်တင်လိုက်ပြီဖြစ်ပါတယ်။

play

 

မန်စီးတီး တိုက်စစ်မှူး အဂူရိုဟာ ပြိုင်ဘက်ကစားသမား ဝင်စတန်ရိဒ်ကို တံတောင်နဲ့ တင်မင်ရည်ရွယ်ပြီးတွတ်ခဲ့ကြောင်း အက်ဖ်အေက ယူဆခဲ့တဲ့အတွက် အခုလို စွဲချက်တိုင်လိုက်တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းက ဝက်စ်ဟမ်းကို ၂-၁ ဂိုးနဲ့ အနိုင်ရနေတဲ့အချိန်မှာ အဂူရိုနဲ့ ရိဒ်တို့ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။ စွဲချက်တင်ထားတဲ့အပေါ် အဂူရိုဘက်က တုန့်ပြန်ဖို့အတွက် ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီအထိ အချိန်ရှိမှာဖြစ်ပါတယ်။

play

 

တံတောင်နဲ့ တွတ်ခဲ့မိတဲ့ ဖြစ်ရပ်ကိုပွဲချိန်အတွင်းမှာ တာဝန်ယူတဲ့ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင်တွေ မမြင်ခဲ့တဲ့အတွက် ဘယ်လိုပြစ်ဒစ်မှ မပေးခဲ့ပါဘူး။ ဒါကြောင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်တွေက အစည်းအဝေးထိုင်ကာ ဗီဒီယိုပြန်ကြည့်ပြီး အခုလို စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။

Source : Sky Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ