EPL: အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ မြင်ရဖွယ်ရှိတဲ့ အပြောင်းအရွှေ့ (၁၀) ခု

အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ကြီးမားတဲ့ အပြောင်းအရွှေ့တွေ ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။

play

 

သြဂုတ်လက ၃၁ ရက်နေ့ဟာ ပရီးမီးယားလိဂ် နွေရာသီအပြောင်းအရွှေ့ကာလရဲ့ နောက်ဆုံးရက် ဖြစ်ပါတယ်။ ဒီလိုနေ့မျိုးဟာ ထိပ်သီးကစားသမားတွေ ရုတ်တရက်အသင်းပြောင်းသွားတတ်တဲ့နေ့မျိုးလည်းဖြစ်ပါတယ်။

play

 

ဒီနှစ်နွေဈေးကွက်မှာ ပိုက်ဆံအများဆုံးသုံးထားတာက မန်ယူအသင်း ဖြစ်ပါတယ်။ နောက်ဆုံးရက်မှာ အသင်းပြောင်းနိုင်ချေရှိတဲ့ ပရီးမီးယားလိဂ် ကစားသမား (၁၀) ဦးရှိပါတယ်။`

၁။ ဂျက်ဝီရှီးယား (အာဆင်နယ်)

play

 

ဝီရှိုင်းယားကို ထုတ်ရောင်းချင်နေတာဖြစ်ပြီး ဂျူဗင်တပ်၊ ဝက်စ်ဟမ်း၊ ဗလန်စီယာတို့က ခေါ်ဖို့ စိတ်ဝင်စားနေပါတယ်။

၂။ ဆစ်ဆိုကို (နယူးကာဆယ်)

play

 

ဒီကစားသမားကိုလည်း အသင်းကြီးအချို့ ခေါ်ယူချင်နေပေမဲ့ အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်း သတ်မှတ်ထားလို့ အခက်အခဲ ဖြစ်နေပါတယ်။

၃။ ဘီရာဟီနို (ဝက်စဘရွန်း)

play

 

ဘီရာဟီနိုကို စတုတ်စီးတီးနဲ့ ခရစ္စတယ်ပဲလေ့စ်ကခေါ်ယူဖို့ ကြိုးပမ်းနေပြီး အသင်းနဲ့လည်း အဆင်မပြေဖြစ်နေပါတယ်။

၎။ ကိုနေး (ဆန်းဒါးလန်း)

play

 

အသင်းကစားသမား ကိုနေးအတွက် ဆန်းဒါးလန်းနည်းပြ မိုယက်စ်ကို အသင်းဟောင်း အဲဗာတန်က ကမ်းလှမ်းစကား ပြောထားပါတယ်။

၅။ မက္ကာသီ (အဲဗာတန်)

play

 

အဲဗာတန်နည်းပြ ကိုးလ်မန်းက အဆိုပါနောက်ခံလူကို မရောင်းချဘူးလို့ ပြောထားပေမဲ့ နယူးကာဆယ်နဲ့ လက်စတာတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

၆။ ဘိုနီ (မန်စီးတီး)

play

 

အသင်းမှာ တိုက်စစ်ကစားသမား များနေတဲ့အတွက် မန်စီးတီးကို ဘိုနီကို သင့်တော်တဲ့ဈေးနှုန်းနဲ့ ပြန်ရောင်းဖို့ အဲဗာတန်၊ ဝက်စ်ဟမ်းတို့နဲ့ ဆက်သွယ်နေပါတယ်။

၇။ ဘာလော့တယ်လီ (လီဗာပူး)

play

 

ဘာလော့တယ်လီကို အေစီမီလန်အသင်းထံ အငှားချခဲ့ပေမဲ့ အမြဲတမ်းစာချုပ်နဲ့ မခေါ်ယူဖြစ်ခဲ့ပါဘူး။ အဆိုပါ တိုက်စစ်မှူးကို ပြင်သစ်ကလပ် နိစ်အသင်းက ခေါ်ချင်တယ်လို့ ဆိုပါတယ်။

၈။ နာဆရီ (မန်စီးတီး)

play

 

နာဆရီဟာ မန်စီးတီးနည်းပြ ဂွါဒီယိုလာရဲ့ အစီအစဉ်ထဲမှာ နာဆရီမပါတော့ပါဘူး။ နာဆရီဟာ စပိန်ကို ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။

၉။ ဆာခို (လီဗာပူး)

play

 

လီဗာပူးအသင်းက တိုက်စစ်မှူး ဆာခိုကို အသင်းကထွက်ပြီး အသင်းသစ်ရှာနိုင်ပြီလို့ ပြောထားပါတယ်။ ဆာခိုကို စတုတ်နဲ့ ဝက်စ်ဘရွန်းတို့က ခေါ်ဖို့ ကြိုးပမ်းနေပါတယ်။

၁၀။ စလီမနီ (စပို့တင်းလစ္စဘွန်း)

play

 

စပို့တင်းလစ္စဘွန်ကစားသမား စလီမာနီက အသင်းမှာ နှုတ်ဆက်ပွဲတောင် လုပ်ပြီးပြီလို့ ဆိုပါတယ်။ အဆိုပါ တိုက်စစ်မှူးဟာ လက်စတာ ရောက်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Source  : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ