EPL: မန်ယူအသင်းသမိုင်းတွင် မည့်သည့်နည်းပြမှ မရဖူးသည့် စံချိန်ကို မော်ရင်ဟို ရရှိ

ဆာအဲလက်စ်ဖာဂူဆန်၊ ဆာမက်စ်ဘက်စ်ဘီတို့လို ဂန္တဝင်နည်းပြတွေ မရဖူးတဲ့ စံချိန်ကို မော်ရင်ဟို ရရှိခဲ့တာပါ။

play

 

မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်ပွဲစဉ် သုံးပွဲ ကိုင်တွယ်ပြီးသွားပြီဖြစ်တဲ့ မော်ရင်ဟိုဟာ အသင်းမှာ နှစ်ပေါင်းရာချီ တင်ထားတဲ့ စံချိန်တစ်ခုကို ချိုးဖျက်လိုက်ကြောင်း သိရပါတယ်။

play

 

ဒီစံချိန်နဲ့အတူ မန်ယူနည်းပြအဖြစ် သူ့ကိုခန့်အပ်တာ မသင့်တော်ဘူးဆိုတဲ့ ဝေဖန်မှုတွေဟာ မှားယွင်းကြောင်း မော်ရင်ဟို သက်သေပြနိုင်ခဲ့ပါတယ်။ ခြေစမ်းပွဲတွေကို ထည့်မတွက်ဘူးဆိုရင် နည်းပြမော်ရင်ဟိုဟာ မန်ယူအသင်းကို တရားဝင်ကိုင်တွယ်တာ လေးပွဲရှိခဲ့ပြီဖြစ်ပါတယ်။ လက်စတာအသင်းနဲ့ ကစားခဲ့ရတဲ့ ကွန်မြူနတီဒိုင်းပွဲစဉ် အပါအဝင် ဟားလ်စီးတီး၊ ဆောက်သမ်တန်၊ ဘုန်းမောက်အသင်းတို့နဲ့ စုစုပေါင်း လေးပွဲ ကစားခဲ့ရပြီးပြီဖြစ်ပါတယ်။

play

 

အဲဒီလေးပွဲစလုံးကို မော်ရင်ဟိုက နိုင်ပွဲရထားခဲ့ပါတယ်။ ဒီရလဒ်ကြောင့် မန်ယူအသင်းသမိုင်းမှာ ပထမဆုံးကိုင်တွယ်တဲ့ လေးပွဲစလုံးကို အနိုင်ရတဲ့ ပထမဆုံးမန်နေဂျာအဖြစ် မော်ရင်ဟို စံချိန်တင်နိုင်ခဲ့ပါတယ်။ နည်းပြဖာဂူဆန်၊ ဆာမက်စ်ဘက်စ်ဘီတို့လို ဂန္တဝင်နည်းပြတွေလည်း မရခဲ့ဘူးတဲ့ စံချိန်ကို မော်ရင်ဟိုက ပထမဆုံး ရခဲ့တာပါ။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ