EPL: ဒေးဗစ်လုဇ်ကို ချယ်လ်ဆီး ရုတ်တရက် ပြန်ခေါ်ဖွယ် ရှိနေ

KK

play

 

ရာသီသစ်အတွက် နောက်ခံကစားသမားသစ် ရှာဖွေနေဆဲဖြစ်တဲ့ချယ်လ်ဆီးအသင်းဟာ အသင်းကစားသမားဟောင်းဖြစ်တဲ့ ဒေးဗစ်လုဇ်ကို ပီအက်စ်ဂျီအသင်းထံက ပြန်လည်ခေါ်ယူဖွယ်ရှိတယ်လို့ သိရပါတယ်။

play

 

ဒီနှစ်နွေရာသီမှာ နောက်ခံကစားသမားတစ်ဦး ရှာဖွေခဲ့တဲ့ ချယ်လ်ဆီးအသင်းက အေစီမီလန်နောက်ခံလူ ရိုမက်နိုလီနဲ့ နာပိုလီကစားသမား ကာလီဒူးတို့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာပါ။ ဒါပေမဲ့ အဲဒီကစားသမားနှစ်ဦးလုံးကို ခေါ်ယူဖို့ ကြိုးစားရာမှာ မအောင်မြင်ခဲ့တဲ့အတွက် နောက်ဆုံး ကစားသမားအပြောင်းရွှေ့ ပိတ်မယ့် နေ့ရက်မှာ ဒေးဗစ်လုဇ်ကို ပြန်ခေါ်မယ်လို့ သတင်းထွက်လာတာဖြစ်ပါတယ်။

play

 

ချယ်လ်ဆီးအသင်း ကစားသမားဟောင်းဖြစ်တဲ့ ဒေးဗစ်လုဇ်ကို လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ပီအက်စ်ဂျီအသင်းထံ ပေါင်သန်း ၅၀ နဲ့ ရောင်းချခဲ့တာဖြစ်ပြီး ကမ္ဘာ့နောက်ခံဘောလုံးသမားတွေထဲမှာတော့ ဈေးအကြီးဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။ နောက်ခံလူ ဒေးဗစ်လုဇ်ဟာ ပြီးခဲ့တဲ့တစ်ပတ်က မိုနာကိုအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပေးရတဲ့ ပင်နယ်တီအတွက် နည်းပြအူနိုင်းအမ်မရီရဲ့ ဝေဖန်မှုကိုလည်း ခံခဲ့ရလို့ အဆင်မပြေဖြစ်နေတယ်လို့ မီဒီယာတွေက ရေးသားကြပါတယ်။

ချယ်လ်ဆီးက ဒေးဗစ်လုဇ်ကို ပြန်ခေါ်မယ်ဆိုရင် ပြောင်းရွှေ့ကြေးပေါင် ၃၂ သန်းပေးချေရဖွယ်ရှိပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ