EPL: အာဆင်နယ် ကစားသမားဝီလ်ရှိုင်းယားကို တစ်ရက်တည်းတွင် ကမ်းလှမ်းမှု ၂၂ ခုရှိ

ဒီနေ့ဟာ အာဆင်နယ်ကစားသမား ဝီလ်ရှိုင်းယား ဘယ်အသင်းကို ပြောင်းမလဲဆိုတာ စဉ်းစားဆုံးဖြတ်ရမယ့်နေ့ ဖြစ်ပါတယ်။

play

 

အာဆင်နယ်အသင်းက ရောင်းချဖို့ ပြင်ဆင်နေတဲ့ ဂျက်ဝီရှိုင်းယားအတွက် တစ်ရက်တည်းမှာတင် ကမ်းလှမ်းမှု ၂၂ ခုကို အာဆင်နယ်အသင်း ရရှိထားတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းက တိုက်စစ်မှူး လူးကပ်စ်ပီရက်ဇ်နဲ့ နောက်ခံလူ မူစတာဖီတို့ကို ခေါ်ယူခဲ့ပြီးနောက် အသင်းနောက်ခံကစားသမား ချမ်ဘာကို အငှားချလိုက်သလို အခု ဝီလ်ရှိုင်းယားကိုလည်း ထပ်ပြီးအငှားချဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အသင်းမှာ ဒဏ်ရာမကြာခဏ ရနေတဲ့ဝီရှိုင်းယားဟာ အာဆင်နယ်အသင်းမှာ ပွဲထွက်ခွင့် နည်းပါးနေပါသေးတယ်။

play

 

နည်းပြအာစင်ဝင်းဂါးက ဝီရှိုင်းယားရဲ့ ကြံ့ခိုင်မှု ဒီထက်ပိုကောင်းလာဖို့အတွက် အခြားအသင်းတစ်သင်းသင်းမှာ ပုံမှန်ကစားမှသာ ဖြစ်မယ်လို့ ယူဆတာကြောင့် အခုလို အငှားချဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အာဆင်နယ် ကွင်းလယ်ကစားသမား ဝီလ်ရှိုင်းယားကို ပရီးမီးယားလိဂ် ကလပ် ဝက်ဖို့ဒ်နဲ့ ဝက်စ်ဘရွန်းအသင်းတို့အပြင် ရိုးမားနဲ့ ဗလန်စီယာတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Source : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ