EPL: ပရီးမီးယားလိဂ် အသင်းများ အပြောင်းအရွှေ့ အသုံးစရိတ် ပေါင်သန်းတစ်ထောင်ကျော်ရှိ

ပထမဆုံးအကြိမ် ပေါင် ၁ ဘီလျံကျော်သွားတာဖြစ်ပါတယ်။

play

 

၂၀၁၆ နွေရာသီကစားသမားအပြောင်းအရွှေ့ ဈေးကွက်အတွင်း ပရီးမီးယားလိဂ်အသင်းတွေရဲ့ အသုံးစရိတ်ဟာ ပထမဆုံးအကြိမ်အဖြစ် စတာလင်ပေါင် ၁ ဘီလျံကျော်ကို ရောက်ရှိသွားကြောင်း သိရပါတယ်။

play

 

အပြောင်းအရွှေ့နောက်ဆုံးနေ့ရက်ဖြစ်တဲ့ သြဂုတ်လ ၃၁ ရက်နေ့ တစ်နေ့တည်းမှာတင် ပရီးမီးယားလိဂ်အသင်းတွေရဲ့ အသုံးစရိတ်က စုစုပေါင်း ပေါင် ၁၅၅ သန်းရှိခဲ့တယ်လို့ နွေရာသီ တစ်လျှောက်လုံး စုစုပေါင်း အသုံးစရိတ်ကတော့ စတာလင်ပေါင် ၁.၁၆၅ ဘီလျံရှိခဲ့တယ်လို့ ဆိုပါတယ်။ မနှစ်က နွေရာသီမှာ ပရီးမီးယားလိဂ် အသင်းတွေရဲ့ အပြောင်းအရွှေ့ အသုံးစရိတ်က ပေါင် ၈၇၀ သန်းသာ ရှိခဲ့တာပါ။

play

 

စုစုပေါင်း အသင်းပေါင်း ၁၃ သင်းက အပြောင်းအရွှေ့အတွက် စံချိန်တင်ငွေကြေးသုံးစွဲမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် သမိုင်းမှာတော့ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း ပေါင်သန်း တစ်ထောင်ကျော်သုံးစွဲတာ ပထမဆုံး ဖြစ်ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ