EPL: ရိုးမားက ကမ်းလှမ်းသော်လည်း ဝီရှိုင်းယားကို ဘုန်းမောက်အသင်းထံ အာဆင်နယ်အငှားချ

ဘုန်းမောက်အသင်းထံ ဝီရှိုင်းယားက တစ်ရာသီအငှားစာချုပ်နဲ့ သွားရောက်ကစားတာ ဖြစ်ပါတယ်။

play

 

ပရီးမီးယားလိဂ် အပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်မှာ အာဆင်နယ်အသင်း ကွင်းလယ်ကစားသမား ဂျက်ဝီရှိုင်းယားကို ဘုန်းမောက်အသင်းထံ အငှားချလိုက်ကြောင်း သိရပါတယ်။

play

 

ဂျက်ဝီရှိုင်းယားကို ဘုန်းမောက်အသင်းအပြင် ရိုးမားအသင်းကလည်း အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမဲ့ အာဆင်နယ်အသင်းက ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။ ဒီနှစ်နွေရာသီ အစောပိုင်းမှာ အာဆင်နယ်အသင်း ခေါ်ယူချင်ခဲ့တဲ့ နောက်ခံကစားသမား မာနိုလက်စ်ကို ရိုးမားအသင်းက ခေါ်ယူခွင့်မပြုခဲ့တာကြောင့် ဝီရှိုင်းယား အပြောင်းအရွှေ့ကိုလည်း အာဆင်နယ်က ခွင့်မပြုခဲ့တာဖြစ်ပါတယ်။

play

 

ကွင်းလယ်ကစားသမား ဝီရှိုင်းယားဟာ အာဆင်နယ်အတွက် ပွဲထွက်တာ ရှစ်နှစ်ရှိပြီဖြစ်ပေမဲ့ စုစုပေါင်း ပရီးမီးယားလိဂ်ပွဲ ၈၀ သာ ကစားရသေးသူဖြစ်ပါတယ်။ မကြာခဏ ဒဏ်ရာရလေ့ရှိတဲ့ ဝီရှိုင်းယားကို ပိုပြီးကြံ့ခိုင်လာအောင် အာဆင်နယ်အသင်းက အငှားချခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ