EPL: ကိုယ့်ကားကိုယ် မမှတ်မိ ဖြစ်နေတဲ့ လက်စတာ ကစားသမားများ

အသင်းပိုင်ရှင်က ကစားသမားတွေအားလုံးကို ဆင်တူကားတွေ လက်ဆောင်ပေးထားတာဖြစ်ပါတယ်။

play

 

မနှစ်ကဘောလုံးရာသီမှာ ချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့လို့ အသင်းပိုင်ရှင်လက်ဆောင်ပေးတဲ့ BMW ကားတစ်စီးစီ လက်ဆောင်ရထားတဲ့ လက်စတာအသင်းကစားသမားတွေက အခက်အခဲ အနည်းငယ်ရှိနေပါတယ်။

play

 

အကြောင်းကတော့ အသင်းသားအားလုံးရဲ့ ကားတွေဟာ မော်ဒယ်ရော အရောင်ပါ ချွတ်စွတ်တူညီနေလို့ ဖြစ်ပါတယ်။ အသင်းကစားသမားတွေက ကားကိုယ်စီနဲ့ အသင်းလေ့ကျင့်ရေးကွင်းကိုလာပြီးပြန်တဲ့အခါ ကိုယ့်ရဲ့ကားကို ရုတ်တရက်မမှတ်မိတဲ့ ပြဿနာ ဖြစ်နေတာပါ။

play

 

လက်စတာအသင်းပိုင်ရှင်ဟာ အသင်းကစားသမားတွေအတွက် ပေါင် တစ်သိန်းကျော်တန်ကြေးရှိတဲ့ BMW i8 ကားတွေကို အသင်းရဲ့အရောင်ဖြစ်တဲ့ အပြာရောင်တွေ ရွေးချယ်ဝယ်ယူခဲ့တာပါ။ အဝေးထိန်းခလုပ်နဲ့ ဖွင့်မယ်ဆိုရင်ရပေမယ့် ရုတ်တရက်ကြည့်လိုက်ရင်တော့ ကိုယ့်ရဲ့ကားကို မမှတ်မိ ဖြစ်နေကြပါတယ်။

play

 

အဲဒါကြောင့် လက်စတာကစားသမား အချို့ဟာ မူလအပြာရောင်ကားတွေကို အပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ မော်ဂန်၊ ရှလက်၊ မာရက်ဇ်၊ ဆင်မ်ဆန် တို့က ကားအရောင်ပြောင်းလဲလိုက်တဲ့ ကစားသမားတွေဖြစ်ပါတယ်။

play

 

 အသင်ကစားသမား ရှလက်ဆိုရင် သူ့ရဲ့ကားကို အနက်ရောင်ပြာင်းလဲလိုက်တာပါ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ