EPL: နည်းပြ ဂွါဒီယိုလာ၊ မော်ရင်ဟိုနှင့် ကွန်တီတို့ တစ်လတာအကောင်းဆုံး မန်နေဂျာ ဆန်ခါတင်စာရင်းတွင်ပါဝင်

, updated

တစ်လတာ အကောင်းဆုံးကစားသမားဆုအတွက်လည်း ဒီအသင်းကစားသမားတွေ ဆန်ခါတင်းစာရင်းမှာ ပါဝင်ထားပါတယ်။

play

 

သြဂုတ်လအတွက် ရွေးချယ်ချီးမြှင့်မယ့် အကောင်းဆုံးပရီးမီးယားလိဂ် ဘောလုံးသမားဆုနဲ့ မန်နေဂျာဆု ဆန်ခါတင်စာရင်းထွက်လာပြီးနောက် မန်ယူ၊ မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းက ဦးဆောင်လျက်ရှိပါတယ်။

play

 

လက်ရှိသုံးပွဲကစားပြီးချိန်မှာ ဒီသုံးသင်းလုံးက ကိုးမှတ်စီအပြည့်ရထားကြတာ ဖြစ်ပါတယ်။ အမှတ်ပေးဇယားကို မန်စီးတီးအသင်းက ဂိုးကွာခြားချက်နဲ့ ဦးဆောင်လျက်ရှိပါတယ်။ မန်စီးတီးအသင်းမန်နေဂျာ ပက်ဂွါဒီယိုလာ၊ ချယ်လ်ဆီးအသင်း မန်နေဂျာ ကွန်တီနဲ့ မန်ယူအသင်းမန်နေဂျာ မော်ရင်ဟိုတို့အပြင်ဟားလ်စီးတီး ယာယီမန်နေဂျာ မိုက်ဖီလန်လည်း ပါဝင်နေပါတယ်။

play

 

ဟားလ်စီးတီးက တစ်ပွဲရှုံးပြီး နှစ်ပွဲနိုင်ထားပေမဲ့ အသင်းဟာ ကစားသမားသစ်လုံးဝခေါ်မထားတဲ့အသင်းဖြစ်တဲ့အချိန်မှာ ရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်ခဲ့လို့ မန်နေဂျာမိုက်ဖီလန်က ဒီစာရင်းထဲ ပါဝင်လာတာပါ။

သြဂုတ်လအတွက် အကောင်းဆုံးကစားသမား ဆန်ခါတင်စာရင်းမှာတော့ ချယ်လ်ဆီးက ဟာဇက်၊ ဟားလ်စီးတီးက အသင်းခေါင်းဆောင် ဒေးဗီးစ်၊ မန်ယူအသင်းက ဗလန်စီယာနဲ့ မန်စီးတီးက စတာလင်တို့ပါဝင်နေကြပါတယ်။ ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး ဆုတွေကို  တွစ်တာမှာလည်း ပရိသတ်တွေ မဲပေးနိုင်ကြပါတယ်။

Source : Sky Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ