EPL: တံတောင်စွမ်းပြခဲ့သည့် အဂူရို ပွဲပယ်ခံရပြီး မန်ယူနှင့်ပွဲကို လွဲချော်တော့မည်

, updated

ဝက်စ်ဟမ်းနဲ့ ပွဲစဉ်က ဖြစ်ရပ်အတွက် အဂူရို အရေးယူခံခဲ့ရတာ ဖြစ်ပါတယ်။

play

 

ပြိုင်ဘက်ကို တံတောင်နဲ့တွက်ခဲ့မိတဲ့ မန်စီးတီးတိုက်စစ်မှူး အဂူရိုကို စည်းကမ်းထိန်းသိမ်းရေး ကော်မတီက သုံးပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

play

 

ဒီပြစ်ဒဏ်ကြောင့်လာမယ့် တစ်ပတ် ကစားရမယ့် မန်ချက်စတာဒါဘီပွဲစဉ်ကို အဂူရို လွဲချော်တော့မှာ ဖြစ်ပါတယ်။ မန်စီးတီးကဝက်စ်ဟမ်းကို ၃-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ အဂူရိုက ပြိုင်ဘက်ကစားသမား ဝင်စတန်ရိဒ်ကို တံတောင်နဲ့ တွက်ခဲ့မိတာဖြစ်ပါတယ်။ ဒီအတွက် အက်ဖ်အေ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက စွဲချက်တင်ခဲ့ပြီးနောက် အခုလို ပြစ်ဒဏ် ချမှတ်လိုက်တာပါ။

play

 

အဂူရိုက မန်ယူအသင်းနဲ့ ကစားမယ့် မန်ချက်စတာဒါဘီပွဲအပါအဝင်၊ ဘုန်းမောက်နဲ့ပွဲစဉ်၊ ဆွမ်ဆီးနဲ့ ပွဲစဉ်တွေကိုပါ လွဲချော်တော့မှာပါ။ မန်စီးတီးအတွက် ပရီးမီးယားလိဂ် သုံးပွဲမှာ သုံးဂိုးသွင်းထားတဲ့ အဂူရိုက ချန်ပီယံလိဂ်မှာလည်း စတူအာဘူခါရက်စ်ကို ဟက်ထရစ်သွင်းနိုင်ခဲ့ပါတယ်။

Source : Sky Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ