EPL: မန်ချက်စတာ ဒါဘီပွဲမတိုင်ခင် မန်ယူအသင်း ခံစစ်ကစားသမား အခက်အခဲ ဖြစ်နေ

ခြေစွမ်းပြနေတဲ့ ဗလန်စီယာလည်း ဒီပွဲမှာ ပါဝင်ဖို့ မသေချာပါဘူး။

play

 

ယခုတစ်ပတ်အတွင်း မန်စီးတီးအသင်းနဲ့ ဒါဘီပွဲယှဉ်ပြိုင်ရမယ့် မန်ယူအသင်းထံမှာ ခံစစ်ကစားသမား ရှားပါးမှု အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါဘီပွဲစဉ်မတိုင်ခင်မှာ မန်ယူအသင်း နောက်တန်းကစားသမားအချို့ ဒဏ်ရာပြဿနာနဲ့ ပွဲဆက်မှုတွေ ရင်ဆိုင်နေရတာပါ။

play

 

ခြေစွမ်းပြနေတဲ ညာနောက်ခံကစားသမား ဗလန်စီယာဟာ အီကွေဒေါအသင်းနဲ့ နိုင်ငံတကာ ပွဲစဉ်တွေ ယှဉ်ပြိုင်နေရပြီး မန်ချက်စတာ ဒါဘီပွဲမတိုင်ခင် ၂၄ နာရီအလိုမှသာ အသင်းကို ပြန်ရောက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပွဲပန်းနေတဲ့ ဗလန်စီယာကို မန်စီးတီးနဲ့ပွဲမှာ ထည့်သွင်းနိုင်မှာ မဟုတ်ပါဘူး။ နောက်တစ်ခါ ဘယ်နောက်ခံ ကစားသမားလုခ်ရှောလည်း ဒဏ်ရာပြဿနာ ရင်ဆိုင်နေရလို့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲကတောင် နှုတ်ထွက်လိုက်ရပါတယ်။

play

 

လုခ်ရှောနဲ့ ဗလန်စီယာနှစ်ဦးလုံး မပါဝင်ဖို့ သေချာသွားပြီဆိုရင် အဲရစ်ဘေလီနဲ့ ဒါလေဘလင်း ခံစစ်အတွဲကို မော်ရင်ဟို အပြောင်းအလဲ အနည်းငယ်ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဗန်ဟားလ်လက်ထက်မှာ အသင်းကြီးနေရာရလာတဲ့ ဖူဆိုမန်ဆက်ခ်ျနဲ့ ဒါမီယန်တို့ ပါဝင်လာဖွယ် ရှိပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ