EPL: ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးဆုအတွက် မော်ရင်ဟိုနှင့် ဟာဇက် မဲအများဆုံး ရရှိ

ပရိသတ်မဲပေး ရွေးချယ်မှုမှာ နည်းပြမော်ရင်ဟိုနဲ့ ဟာဇက်က ပြိုင်ဘက်တွေကို ကျော်ပြီး မဲအများဆုံး ရခဲ့တာပါ။

play

 

သြဂုတ်လအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးမန်နေဂျာအဖြစ် မန်ယူအသင်းနည်းပြ မော်ရင်ဟိုကို ပရိသတ်တွေ ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။ ပရီးမီးယယားလိဂ် ပြိုင်ပွဲရဲ့ တရားဝင် မဲရလဒ်အရ မော်ရင်ဟိုကို ပရိသတ်အများစု မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်က ရွေးချယ်တဲ့ သြဂုတ်လအတွက် အကောင်းဆုံးမန်နေဂျာနဲ့ ကစားသမား ဆန်ခါတင်စာရင်းကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။ မန်ယူအသင်းနည်းပြ မော်ရင်ဟိုအပါအဝင်၊ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ၊ ချယ်လ်ဆီးနည်းပြ ကွန်တီနဲ့ ဟားလ်စီးတီးနည်းပြ မိုက်ဖီလန်တို့ ပါဝင်ခဲ့ကြပါတယ်။ 

play

 

အကောင်းဆုံး ကစာသမားစာရင်းမှာတော့ ချယ်လ်ဆီးကစားသမား ဟာဇက်၊ မန်ယူကစားသမား ဗလန်စီယာ၊ မန်စီးတီးကစားသမား စတာလင်နဲ့ ဟားလ်စီးတီး ကစားသမား ဒေးဗီးစ်ပါ ဆန်ခါတင်ပါခဲ့ကြပါတယ်။ မဲစာရင်းပိတ်ချိန်မှာ မော်ရင်ဟိုနဲ့ လက်တွဲခဲ့ဖူးတဲ့ ချယ်လ်ဆီးကစားသမား ဟာဇက်က မဲရလဒ် အများဆုံးဖြစ်ခဲ့ပါတယ်။

play

 

ဒါပေမဲ့ တစ်လတာအကောင်းဆုံးဆုတွေကို ပရိသတ်မဲရလဒ်တစ်ခုတည်းနဲ့ ဆုံးဖြတ်မှာမဟုတ်ပါဘူး။ ဆုရွေးချယ်ရေးအဖွဲ့က ပရီးမီးယားလိဂ်အသင်းခေါင်းဆောင်တွေရဲ့ မဲရလဒ်ရွေးချယ်မှုကို ထည့်သွင်းဆုံးဖြတ်ဦးမှာဖြစ်ပါတယ်။ တွစ်တာမှာ ပြုလုပ်ခဲ့တဲ့ မဲရလဒ်မှာမော်ရင်ဟိုနဲ့ ဟာဇက်က အများဆုံး ဖြစ်နေပေမဲ့ တရားဝင်ဆုကို ကြေညာခြင်းတော့ မရှိသေးပါဘူး။

Souce : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ