EPL: မန်စီးတီးပရိသတ် သန်းပေါင်းများစွာ မန်ယူအသင်း ပရိသတ်ဖြစ်လာဖွယ်ရှိဟု ဆို

မန်စီးတီးအသင်းက ယာယာတိုယေးကို ချန်ပီယံလိဂ် လူစာရင်းကနေချန်လှပ်ခဲ့ပြီး စာချုပ်လည်း ထပ်မံချုပ်ဆိုတာမျိုး မရှိသေးပါဘူး။

 

ကွင်းလယ်ကစားသမား ယာယာတိုယေးကို ချန်ပီယံလိဂ်လူစာရင်းမှာ ထည့်သွင်းခြင်းမရှိတဲ့ နည်းပြဂွါဒီယိုလာကြောင့် မန်စီးတီးရဲ့ သန်းပေါင်းများစွာသော ပရိသတ်တွေဟာ မန်ယူအသင်းကို ပြောင်းအားပေးကြတော့မယ်လို့ သိရပါတယ်။

 

လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ယာယာတိုယေးကို မန်စီးတီးအသင်းက စာချုပ်သက်တမ်း ထပ်မတိုးတော့ဘူးဆိုရင် အခြားအသင်းတွေရဲ့ ကမ်းလှမ်းမှုကို ယာယာတိုယေးက ခြောက်လလောက်အလိုမှာ အကြိုလက်ခံထားနိုင်မှာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ ချန်ပီယံလိဂ် လူစာရင်းမှာ ပါဝင်လာခြင်းမရှိတော့တဲ့အတွက် ယာယာတိုယေးရဲ့ အေးဂျင့်ဖြစ်သူကလည်း ဒေါသထွက်လျက်ရှိပါတယ်။

 

ချန်ပီယံလိဂ်မှာ ယာယာတိုယေးမပါဝင်လာတော့ခြင်းရဲ့ အကျိုးဆက်ကို အာဖရိကဈေးကွက်မှာ မန်စီးတီးအသင်း ခံစားရလိမ့်မယ်လို့ ယာယာတိုယေးရဲ့ အေးဂျင့်ဖြစ်သူက ပြောပါတယ်။ " ဂွါဒီယိုလာရဲ့ ဆုံးဖြတ်ချက်ကြောင့် အာဖရိကမှာရှိတဲ့ သန်းပေါင်းများစွာသော ပရိသတ်တွေကို မန်စီးတီးအသင်း ဆုံးရှုံးရတော့မှာဖြစ်ပါတယ်။ အခုသူတို့မန်ယူအသင်းကို ပြောင်းပြီးအားပေးနေကြပါပြီလို့ သိရပါတယ်။ အတော်များများက မန်စီးတီိးပွဲတွေ မကြည့်ကြတော့ပါဘူး" လို့ ယာယာတိုယေးရဲ့အေးဂျင့် ဆီလက်က ပြောပါတယ်။

ှSource : Caught Offside

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ