EPL: ဒေါသကြီးသည့် ကစားသမား လက်သီးချက်ကြောင့် ကွင်းလယ်ဒိုင် ဆေးရုံရောက်

အနီကတ်ပြခံလိုက်ရတဲ့ ကစားသမားဟာ ဒေါသထွက်သွားခဲ့တာဖြစ်ပါတယ်။

 

အာဂျင်တီးနား ပြည်တွင်းလိဂ်ပွဲစဉ်တစ်ခုမှာ အသလက်တီကိုကွီးလ်မက်စ်အသင်းရဲ့ ကစားသမားတစ်ဦး လက်သီးချက်ကြောင့် ကွင်းလယ်ဒိုင်ဟာ ဆေးရုံရောက်သွားခဲ့ရပါတယ်။

အနီကတ်ပြတဲ့ကွင်းလယ်ဒိုင်ကို မကျေနပ်တာကြောင့် ကွီးလ်မက်စ်အသင်း ကစားသမား ဆေလ်ဗီယိုရုဇ်ဟာ ဒိုင်ရဲ့မျက်နှာကို လက်သီးနဲ့ ရုတ်တရက်ထိုးပစ်လိုက်တာဖြစ်ပါတယ်။ လက်သီးတစ်ချက်နဲ့တင် အားမရသေးတဲ့ ရုဇ်ဟာ ကွင်းလယ်ဒိုင်ကို နောက်ထပ်တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါသေးတယ်။ တိုက်ခိုက်မှု ခံရပြီးတဲ့နောက်မှာ ကွင်းလယ်ဒိုင်ဟာ ကွင်းထဲက ထွက်ခွာသွားခဲ့တာကို တွေ့ရပါတယ်။ ကွင်းလယ်ဒိုင်က ကစားပွဲကို စွန့်ခွာပြီး လူနာတင်ကားနဲ့ ဆေးရုံသွားခဲ့လို့ ကစားပွဲဟာ ရပ်နာလိုက်ရပါတယ်။

 

ကွီးလ်မက်စ်အသင်းရဲ့ ပြိုင်ဘက် စပို့တ်တီဗိုအသင်း နည်းပြ အော်ရယ်လ်လာနာကတော့ ဒီဖြစ်ရပ်အတွက် စိုးရိမ်မိကြောင်းနဲ့ ဘောလုံးကစားတဲ့အခါ စိတ်အေးအေး ထားသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ကစားသမားကို ဘယ်လိုအရေးယူမှု ပြုလုပ်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ