EPL: ဈေးအကြီးဆုံး မန်ချက်စတာ ဒါဘီပွဲစဉ် ဖြစ်လာဖွယ်ရှိ

ဒါဘီပွဲစဉ်တွေထဲမှာ ဈေးအကြီးဆုံး ဒါဘီပွဲဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

play

 

လာမယ့် စနေနေ့မှာ ကစားမယ့်  မန်ချက်စတာ ဒါဘီပွဲစဉ်ဟာ ဒါဘီသမိုင်းတစ်လျှောက် တန်ဖိုးအကြီးဆုံး ဒါဘီပွဲတစ်ခု ဖြစ်လာမယ်လို့ သိရပါတယ်။ စနေနေ့မှာ မန်ချက်စတာအသင်းနှစ်ဘက်က ပါဝင်လာကြမယ့် ပွဲထွက်ကစားသမားတွေရဲ့ တန်ကြေးဟာ စုစုပေါင်း ပေါင်သန်း ၆၀၀ ကျော်လောက်ရှိနေလို့ ဖြစ်ပါတယ်။

play

 

ယခုနှစ်နွေရာသီမှာ ပေါ့ဂ်ဘာအတွက်မန်ယူအသင်းက ပေါင် ၉၃ သန်းလောက် သုံးစွဲထားရပြီး မန်စီးတီးအသင်းကတော့ ဂျွန်စတုန်းအတွက် ပေါင် သန်း ၅၀ လောက်သုံးစွဲထားရတာပါ။ နည်းပြမော်ရင်ဟိုနဲ့ ပက်ဂွါဒီယိုလာဟာ အရင်က ပြိုင်ဘက်တွေအဖြစ် အကြိမ်ကြိမ်တွေ့ဆုံခဲ့ဖူးပေမယ့် ပရီးမီးယားလိဂ်မှာတော့ ပထမဆုံးအကြိမ် တွေ့ဆုံရမယ့် ပွဲဖြစ်ပါတယ်။

play
play

 

ခန့်မှန်းတွက်ချက်မှုအရ မန်ချက်စတာ ဒါဘီမှာ ပါဝင်လာမယ့် မန်ယူအသင်း ကစားသမား ပွဲထွက်စာရင်းရဲ့တန်ဖိုးဟာ စုစုပေါင်း ပေါင်သန်း ၃၅၀.၅၅ သန်း တန်ဖိုးရှိပြီးမန်စီးတီးအသင်းဘက်တော့ ပေါင် ၃၂၁ သန်းလောက်တန်ကြေးရှိနေတာပါ။ ဒါကြောင့် စုစုပေါင်း ပွဲထွက်ကစားသမားတွေရဲ့ တန်ကြေးဟာ ပေါင်သန်း ၆၀၀ ကျော် တန်ဖိုးရှိနေလို့ ဈေးအကြီးဆုံး ဒါဘီပွဲအဖြစ် မှတ်တမ်းဝင်ဖွယ် ရှိနေပါတယ် ။

Source : Independent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ