EPL: မော်ရင်ဟိုကို ခုံချင်းကပ်ရပ် လာမထိုင်မဖို့ ပြောခဲ့တဲ့ အာစင်ဝင်းဂါး

ယူအီအက်ဖ်အေ ဆွေးနွေးပွဲမှာ အာစင်ဝင်းဂါးနဲ့ မော်ရင်ဟို တွေ့ဆုံခဲ့ကြတာပါ။

play

 

ဆွစ်ဇာလန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ယူအီးအက်ဖ်အေ ဆွေးနွေးပွဲမှာ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးနဲ့ မော်ရင်ဟိုတို့ အနည်းငယ်အချေအတင် ဖြစ်ခဲ့သေးကြောင်းသိရပါတယ်။

play

 

ဆွေးနွေးပွဲကို နောက်ကျမှ ရောက်လာတဲ့ မန်ယူအသင်းနည်းပြမော်ရင်ဟိုဟာ သူထိုင်ဖို့ ထိုင်ခုံလိုက်ရှာရာက စတင်ခဲ့တယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းနဲ့ ပီအက်စ်ဂျီနည်းပြ အူနိုင်းလ်အမ်မရီတို့ တို့နောက်မှာ လွတ်နေတဲ့ ထိုင်ခုံကို ထိုင်ဖို့ မော်ရင်ဟိုကြိုးပမ်းခဲ့တာပါ။ အဲဒီထိုင်ခုံနားမှာထိုင်နေတဲ့ အာစင်ဝင်းဂါးကို " ဒီထိုင်ခုံထိုင်လို့ ရမလား" ဆိုပြီး မေးမြန်ခဲ့ပေမယ့် အာစင်ဝင်းဂါက ထိုင်လို့မရကြောင်း ပြန်လည်ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

play

 

ဆွေးနွေးပွဲမှာ မန်ယူအသင်းနည်းပြဟောင်း ဖာဂူဆန်က မိန်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ပရီးမီးယားလိဂ်ကို ဒုတိယအကြိမ်ပြန်ရောက်လာပြီး ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့စဉ်တုန်းကလည်း နည်းပြအာစင်ဝင်းဂါးကို ဝေဖန်နောက်ပြောင်မှုတွေ လုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ကွင်းအတွင်းမှာလည်း သူတို့နှစ်ဦးဟာ အချေအတင် စကားများခဲ့ကြဖူးသူတွေပါ။ ၂၀၀၅ ခုနှစ်မှာ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကစားပုံကို အာစင်ဝင်းဂါး ဝေဖန်ခဲ့ရာကစလို့ သူတို့နှစ်ဦး အဆင်မပြေဖြစ်ခဲ့ကြတာပါ။

Source : Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ