AD
AD
AD
play

လာမယ့် စနေနေ့မှာ ကစားမယ့် မန်ချက်စတာ ဒါဘီပွဲပြီးရင် မန်စီးတီးနည်းပြဂွါဒီယိုလာကို ဝိုင်အတူသောက်ရင်း စကားပြောဖို့ ဖိတ်ခေါ်သွားမယ်လို့ နည်းပြမော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။

အရင်မန်ယူအသင်းနည်းပြဟောင်းတွေဖြစ်ခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန်နဲ့ နည်းပြဗန်ဟားလ်တို့လည်း ပြိုင်ပွဲတွေပြီးတဲ့အခါ ပြိုင်ဘက်နည်းပြတွေနဲ့ ဝိုင်အတူသောက်လေ့ရှိတဲ့ ထုံးတမ်းအစဉ်အလာကို မော်ရင်ဟိုက ဆက်ထိန်းလိုက်တာ ဖြစ်ပါတယ်။ အင်္ဂလန်မှာ နည်းပြဘဝ အတွေ့အကြုံကို ရရှိထားတာ မကြာသေးတဲ့ ဂွါဒီယိုလာအတွက်တော့ ပွဲအပြီးမှာ နည်းပြအချင်းချင်း စကားစမြည်ပြောပြီး ဝိုင်သောက်တဲ့ဓလေ့ကို မရင်းနှီးသေးပါဘူး။

play

 

ဖာဂူဆန်တို့လို ဂန္တဝင်နည်းပြတွေ ထိန်းသိမ်းခဲ့တဲ့ အစဉ်အလာအရ အိမ်ရှင်အသင်းဘက်က နည်းပြက ဧည့်သည့်အသင်းနည်းပြကို ဝိုင်တိုက်ဖို့ ဖိတ်ခေါ်ရလေ့ရှိပါတယ်။ ဒါပေမယ့်လည်း ခင်မင်ရင်းနှီးတဲ့ မန်နေဂျာတွေသာ ဒါမျိုးလုပ်လေ့ရှိပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD