EPL: မန်ချက်စတာဒါဘီမှာ ရက်ရှ်ဖို့ဒ်ကို မန်ယူ ပွဲထုတ်သင့်တဲ့ အကြောင်းပြချက် (၅) ခု

မော်ရင်ဟိုနဲ့ ဂွါဒီယိုလာ လက်ထက် ပထမဆုံး မန်ချက်စတာ ဒါဘီ ဖြစ်ပါတယ်။

play

 

တကမ္ဘာလုံးက ဘောလုံးပရိသတ်တွေ စောင့်ကြည့်ကြရမယ့် မန်ချက်စတာ ဒါဘီပွဲစဉ်ဟာ စနေနေ့မှာ ယှဉ်ပြိုင် ကစားတော့မှာ ဖြစ်ပါတယ်။ လာလီဂါမှာ ခါးသီးပြိုင်ဘက်တွေ ဖြစ်ခဲ့ဖူးကြတဲ့ မော်ရင်ဟိုနဲ့ ဂွါဒီယိုလာတို့ ပရီးမီးယားလိဂ်မှာ ပထမဆုံး ပြန်တွေ့တဲ့ ပွဲဖြစ်တာကြောင့် ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ ဒါဘီပွဲစဉ် ဖြစ်လာမှာပါ။

မန်ချက်စတာ ဒါဘီမှာ အိမ်ရှင်မန်ယူအသင်းဘက်က လူငယ်တိုက်စစ်မှူး ရက်ရှ်ဖို့ကို ပွဲထုတ်သင့်တဲ့ အကြောင်းပြချက် (၅) ခုရှိပါတယ်။

၁။ သမိုင်းကြောင်းရှိခြင်း

play

 

မနှစ်က မန်စီးတီးအိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ မန်ယူအတွက်တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းပေးခဲ့တာ ရက်ရှ်ဖို့ဒ်ဖြစ်ပါတယ်။

၂။ ဂိုးသွင်းခြေတွေ့နေခြင်း

ဒီရာသီမှာ ရက်ရှ်ဖို့ဒ်က မန်ယူပွဲထွက်စာရင်းမှာ နေရာရဖို့ ရုန်းကန်နေရဆဲပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကပဲ အင်္ဂလန် ယူ ၂၁ အသင်းပွဲစဉ်မှာ ဟက်ထရစ်သွင်းထားလို့ စိတ်ဓာတ်တက်ကြွနေပါတယ်။

၃။ အကူညီဖြစ်စေခြင်း

play

 

ရက်ရှ်ဖို့ဒ်ဟာ လူငယ်ပီပီ တွန်းတွန်းတိုက်တိုက်ကစားတတ်တဲ့ ကစားသမားဖြစ်ပါတယ်။ သူ့ကြောင့် ဇလေတန်နဲ့ ရွန်နေးတို့လို ကစားသမားတွေ နေရာပိုရလာနိုင်ပါတယ်။

၎။ အားနည်းချက်ရှိနေတဲ့ မန်စီးတီးနောက်တန်း

မန်စီးတီးဟာ ဒီရာသီမှာ ခံစစ်အတွက် ငွေကြေးများစွာ သုံးစွဲထားပေမယ့်မတည်ငြိမ်သေးပါဘူး။ ဆန်းဒါးလန်းနဲ့ ပွဲမှာတုန်းက ဒီဖိုးရဲ့ ဒုက္ခပေးမှုကို မန်စီးတီးနောက်တန်းခံခဲ့ရပါတယ်။ ဒီတော့ ရက်ရှ်ဖို့လည်း ဒီဖိုးလောက်တော့ မန်စီးတီးကို ဒုက္ခပေးနိုင်မယ့် ကစားသမားလို့ ယူဆနိုင်ပါတယ်။

၅။ လက်တွေ့ဆန်ခြင်း

play

 

လက်တွေ့ကျကျ စဉ်းစားကြည့်ရင် ကိန်းဂဏန်းတွေဟာ ညာလို့မရပါဘူး။ ဒီရာသီမှာ ရက်ရှ်ဖို့ဒ်က အင်္ဂလန်အတွက်ရော၊ မန်ယူအတွက်ပါ စုစုပေါင်း လေးဂိုးသွင်းထားပြီးပါပြီ။ ဒီတော့ ခြေစွမ်းဟာ တည်ငြိမ်နေတယ်လို့ ဆိုနိုင်ပါတယ်။

Source : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ