EPL: မန်ယူ - မန်စီးတီး ဒါဘီပွဲ မကြည့်ခင် သိထားသင့်တဲ့ အချက် (၅) ချက်

, updated

ဒါဘီပွဲကို ယနေ့ည မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

play

 

ဒီရာသီမှာ ရှုံးပွဲလုံးဝမရှိသေးဘဲ ရာနှုန်းပြည့်နိုင်ပွဲတွေနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ မန်ချက်စတာနှစ်သင်း ဒီကနေ့ တွေ့ဆုံကြမှာဖြစ်ပါတယ်။ အသွင်သစ်နဲ့ မန်ချက်စတာဒါဘီကို မြင်ရမှာ ဖြစ်တာကြောင့် စိတ်လှုပ်ရှားစရာ တစ်မျိုး ကောင်းပါတယ်။မန်ချက်စတာဒါဘီပွဲမတိုင်ခင် သိထားသင့်တဲ့ အချက် (၅) ချက်ရှိပါတယ်။

၁။ ဒဏ်ရာရ ပွဲပယ်

play

 

မန်ယူအသင်းဘက်မှာ ကစားသမားသစ် မက်ခီတာယန် ဒဏ်ရာရနေဆဲ ဖြစ်ပါတယ်။ ဒဏ်ရာကြောင့် အင်္ဂလန်လက်ရွေးစင်က နုတ်ထွက်ထားတဲ့ လုခ်ရှောလည်း ပါနိုင်မှာ မဟုတ်ပါဘူး။

မန်စီးတီကတော့ အဂူရိုပွဲပယ်ခံထားရလို့ ဆုံးရှုံးမှု ကြီးနိုင်ပါတယ်။ နောက်တန်းမှာလည်း ကွန်ပနီပါဖို့ မသေချာသလို အော်တာမန်ဒီက ဂျွန်စတုန်းနဲ့ ပွဲထွက်လာဖွယ် ရှိပါတယ်။

၂။ ဖြစ်နိုင်ချေ လူစာရင်း

play

 

မန်စီးတီး - ဘရာဗို၊ ဇာဘလက်တာ၊ ဂျွန်စတုန်း၊ အော်တာန်ဒီ၊ ကလစ်ချီ၊ ဒီဘရိုင်း၊ ဖာနန်ဒင်ဟို၊ ဆေးလ်ဗား၊ စတာလ်၊ နိုလီတို၊

အီဟွာနာချို

မန်ယူ - ဒီဂီယာ၊ ဗလန်စီယာ၊ ဘိုင်လီ၊ ဘလင်း၊ ရှော၊ ဖယ်လိုင်နီ၊ ပေါ့ဂ်ဘာ၊ မာတာ၊ ရွန်နေး၊ မာရှယ်၊ အီဗရာဟီမိုဗစ်ခ်ျ

၃။ မန်ယူအတွက် အားသာချက်

play

 

ပြီးခဲ့တဲ့ ရာသီမှာ ရလဒ်ဆိုးခဲ့ပေမဲ့ ဒီရာသီမှာ သုံးပွဲကစားပြီး သုံးပွဲနိုင်ထားတာဟာ နိုင်ပွဲယူလိုစိတ်ပြန်လည် မြင့်တက်နေတာကို သိသာစေပါတယ်။ ဟားလ်စီးတီးနဲ့ပွဲမှာ နောက်ဆုံးမိနစ်အထိ ကြိုးစားပြီး အနိုင်ဂိုးရှာခဲ့တာကိုကြည့်ရင်သိနိုင်ပါတယ်။

၎။ မန်စီးတီးအတွက် အားသာချက်

play

 

မန်စီးတီးနည်းပြ မော်ရင်ဟိုနဲ့ မန်ယူနည်းပြ မော်ရင်ဟိုဟာ ၁၆ ကြိမ် ရင်ဆိုင်ခဲ့ဖူးပါတယ်။ အဲဒီအခါတွေမှာ ဂွါဒီယိုလာက ၇ ကြိမ်နိုင်ပြီး ၆ ကြိမ်သရေရထားလို့ ထိပ်တိုက်တွေ့ဆုံမှုမှာ အသာစီးရထားပါတယ်။

၅။ အဓိက ကစားသမားများ

အဂူရို မပါနိုင်တဲ့နောက် လက်ရှိမှာ မန်စီးတီးရဲ့ အကောင်းဆုံး ကစားသမားက စတာလင်ဖြစ်နေပါတယ်။ စတာလင်ဟာ ပြိုင်ဘက်နောက်တန်းကို ဒုက္ခအပေးနိုင်ဆုံး ကစားသမားပါ။

 

play

 

မန်ယူအသင်းဘက်ကတော့ ပြိုင်ဘက်ဂိုးပေါက်ကို အဓိကခြိမ်းခြောက်မယ့် ကစားသမားလို့လည်းဆိုနိုင်သလို အဓိက ကစားသမားလို့လည်း ဆိုနိုင်သူက အီဗရာဟီမိုဗစ်ခ်ျပါ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ