EPL: ဒါဘီပွဲတွင် မော်ရင်ဟို အနီိကတ်အပြခံရရန် လောင်းကြေးဖွင့်လှစ်ထား

, updated

မော်ရင်ဟိုက အထုတ်ခံရ၊ မခံရဆိုတာကို လောင်းကြေးဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

play

 

ယနေ့ ယှဉ်ပြိုင်ကြမယ့် မန်ချက်စတာ ဒါဘီပွဲစဉ်အတွက် လောင်းကစားကုမ္ပဏီတွေက မော်ရင်ဟိုနဲ့ ပတ်သက်ပြီး လောင်းကြေးတစ်ခု ဖွင့်လှစ်ထားပါတယ်။

ဒီနေ့ကစားမယ့် မန်စီးတီးနဲ့ဒါဘီပွဲစဉ်မှာ မန်ယူနည်ပြမော်ရင်ဟို အထုတ်ခံရ၊ မခံရ ဆိုတဲ့ ခန့်မှန်းချက်နဲ့ပတ်သက်ပြီး လောင်းကြေးဖွင့်ပေးထားတာဖြစ်ပါတယ်။ မော်ရင်ဟိုအနီကတ်ပြခံရဖို့အတွက် လောင်းကြေးကို လောင်းကစားဒိုင်တွေဘက်က ၈ ဆ၊ ၁ ဆ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

play

 

လောင်းကစားကုမ္ပဏီကြီးဖြစ်တဲ့ Ladbrokes မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး ကစားသမားတစ်ဦး အထုတ်ခံရဖို့အတွက်တော့ ၆ ဆ၊ ၁ ဆ ဖွင့်လှစ်ပေးထားပါတယ်။ မော်ရင်ဟိုဟာ ဂွါဒီယိုလာနဲ့ ယှဉ်ပြိုင်ရတဲ့ပွဲတွေမှာ ပြင်းပြင်းထန်ထန်စောဒက တက်ခဲ့တာမျိုးတွေရှိထားပြီး ပရီးမီးယားလိဂ်မှာလည်း ရှိခဲ့ဖူးပါတယ်။ ပြိုင်ဘက်နည်းပြ ဂွါဒီယိုလာ အထုတ်ခံရဖို့အတွက်တော့ ၂၀ ဆ၊ ၁ ဆ တောင် ဖွင့်လှစ်ပေးထားပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ