EPL: အာဆင်နယ် နည်းပြဘဝတစ်လျှောက် အကြီးမားဆုံး နောင်တကို အာစင်ဝင်းဂါး ထုတ်ပြော

, updated

အာဆင်နယ်အသင်းကို နှစ်ပေါင်း ၂၀ ကြာကိုင်တွယ်လာတဲ့ အာစင်ဝင်းဂါးမှာ အကြီးမားဆုံး နောင်တရှိတယ်လို့ ဆိုပါတယ်။

play

 

အာဆင်နယ်နည်းပြသက်တမ်းတစ်လျှောက် အကြီးမားဆုံး ရခဲ့ဖူးတဲ့ နောင်တကို အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက ထုတ်ပြောလိုက်ပါတယ်။

play

 

၂၀၀၆ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းကို အနိုင်ရအောင် မကစားနိုင်ခဲ့ခြင်းဟာ သူ့အတွက် တစ်သက်မမေ့စရာ နောင်တ ဖြစ်နေရတယ်လို့ အာစင်ဝင်းဂါးက ပြောပါတယ်။ အဲဒီဗိုလ်လုပွဲအရှုံးဟာ ယနေ့တိုင် ခြောက်လှန့်နေဆဲ ဖြစ်တယ်လို့လည်း အာစင်ဝင်းဂါးက ပြောပါတယ်။ အဲဒီပွဲစဉ်မှာ အာဆင်နယ်အသင်းက ဆိုးလ်ကမ်းဘဲလ်ရဲ့ ပထမပိုင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ဘာစီလိုနာအသင်း ကစားသမားတွေဖြစ်တဲ့ အီတူးနဲ့ ဘယ်လက်တီတို့က ပြန်သွင်းခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

play

 

" ဒီပွဲရှုံးခဲ့ရတဲ့အပေါ် ကျွန်တော်နောင်တ အရဆုံးပဲ။ ဘာဖြစ်လို့ မနိုင်ခဲ့တာလဲ။ ဘယ်လိုကစားခဲ့ရင် နိုင်မှာလည်း ဆိုတဲ့ နည်းလမ်းကို ကျွန်တော်အကြိမ် ၁၀၀ လောက်စဉ်းစားခဲ့တယ်။ အကြီးဆုံးနောင်တကတော့ ဒုတိယဂိုး ထပ်မသွင်းနိုင်ခဲ့တာကိုပါပဲ" လို့  အာစင်ဝင်းဂါးက ပြောပါတယ်။

Source : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ