EPL: အဂူရို မပါသည့် မန်စီးတီးက အနိုင်ယူရန် ပိုခက်မည်ဟုဆို

, updated

အဂူရိုက ပွဲပယ်ပြစ်ဒဏ် ခံထားရပါတယ်။

 

တိုက်စစ်မှူး အဂူရိုမရှိတဲ့ အခါ မန်စီးတီးအသင်းက အနိုင်ယူဖို့ ပိုခက်တဲ့အသင်းဖြစ်တယ်လို့ မန်ယူအသင်းနည်းပြ မော်ရင်ဟိုက သုံးသပ်လိုက်ပါတယ်။

 

ဝက်စ်ဟမ်းကစားသမားရိဒ်ကို တံတောင်နဲ့တွက်တဲ့ လုပ်ရပ်ကြောင့် အဂူရိုဟာ ပွဲပယ်ခံထားရပြီး မန်ချက်စတာ ဒါဘီမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ အဂူရိုမပါတဲ့အချက်ဟာ မန်ယူအတွက် အားသာချက်မဟုတ်ဘူးလို့ မော်ရင်ဟိုက သုံးသပ်ခဲ့တာဖြစ်ပါတယ်။ တိုက်စစ်မှူး အဂူရိုဟာ မန်စီးတီးအသင်းအတွက် ဒီရာသီမှာ လေးပွဲကစားပေးထားပြီး ခြောက်ဂိုးသွင်းထားတဲ့ အဓိက တိုက်စစ်မှူးလည်း ဖြစ်နေပါတယ်။

 

" အဂူရိုပါတဲ့အခါ မန်စီိးတီးက ကစားရခက်ပါတယ်။ အဂူရိုမပါခဲ့ရင် ပိုပြီးတောင် ခက်ပါသေးတယ်။ ဒါပေမဲ့ မန်စီးတီးမှာ အဂူရိုနေရာ အစားထိုးနိုင်တဲ့ကစားသမားတွေ အများကြီးရှိပါတယ်။ အီဟွာနာချို၊ စတာလင်နဲ့ ဆေးလ်ဗားတို့ကို ဒီနေရာထားပြီး ကစားနိုင်ပါတယ်" လို့ မော်ရင်ဟိုက ပြောပါတယ်။

Source : Daily Mial

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ