EPL: ဂွါဒီယိုလာ၊ မော်ရင်ဟိုနှင့် ကွန်တီတို့ကို ကျော်ဖြတ်ပြီး တစ်လတာ အကောင်းဆုံးမန်နေဂျာဆု မိုက်ခ်ဖီလန်ရရှိ

, updated

ိအကောင်းဆုံး ကစားသမားဆုကိုတော့ စတာလင် ရရှိသွားပါတယ်။

play

 

သြဂုတ်လအတွက် ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုကို မန်စီးတီးအသင်းကစားသမား စတာလင်က ရရှိသွားခဲ့ကြောင်း သိရပါတယ်။ အကောင်းဆုံးနည်းပြ ဆုကတော့ ဟားလ်စီးတီးနည်းပြ မိုက်ခ်ဖီလန် ရသွားပါတယ်။

play

 

 စတာလင်ဟာ မန်စီးအတွက် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ခြေစွမ်းပြခဲ့ပြီး နှစ်ဂိုးသွင်းယူထားသူ ဖြစ်ပါတယ်။ စတာလင်ထက် ဂိုးပိုသွင်းထားတဲ့ ကစားသမားတွေရှိပေမဲ့ စတာလင်ဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေတစ်လျှောက် အကောင်းဆုံးခြေစွမ်းကို ထိန်းထားနိုင်တဲ့အပြင် အသင်းဖော်တွေကိုလည်း ကူညီပေးနိုင်ခဲ့လို့ ဒီဆုကို ရခဲ့တာဖြစ်ပါတယ်။ ပြင်ဆင်မှု အားအနည်းဆုံး အသင်းကို မိုက်ခ်ဖီလန်က သုံးပွဲအတွင်း ခြောက်မှတ်ရအောင် ကူညီပေးထားနိုင်လို့ ဖြစ်ပါတယ်။

" ကျွန်တော်က သူ့ကို ကူညီပေးဖို့ ကြိုးစားနေတာပါ။ ဒါပေမဲ့ စတာလင်တစ်ယောက်တည်းအတွက် ရည်ရွယ်တာမဟုတ်ဘဲ ကစားသမားအားလုံးအတွက် ရည်ရွယ်ပြီး လုပ်ပေးနေတာပါ" လို့ နည်းပြဂွါဒီယိုလာက ပြောပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ