EPL: မော်ရင်ဟိုလက်ထက် ပထမဆုံး ပရီးမီးယားလိဂ် ရှုံးပွဲတွေ့သွားတဲ့ မန်ယူ

, updated

မန်စီးတီးကတော့ ရာနှုန်းပြည့်နိုင်ပွဲနဲ့ အမှတ်ပေးဇယားကို ဦးဆောင်လျက် ရှိပါတယ်။

play

 

မော်ရင်ဟိုလက်ထက် ပရီးမီးယားလိဂ်မှာ ပထမဆုံး ရှုံးပွဲအတွေ့အကြုံကို မန်ယူအသင်း ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

မန်ယူအသင်းဘက်က တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျ၊ ရွန်နေးတို့ကို ပွဲထုတ်ခဲ့ပြီး မက်ခီတာယန်လည်း ပွဲထွက်လာခဲ့ပါတယ်။ အဂူရိုမပါနိုင်တဲ့ မန်စီးတီးကတော့ အီဟာနာချို၊ စတာလင်တို့ကို တိုက်စစ်မှာ ထားပြီး ကစားခဲ့တာတွေ့ရပါတယ်။

play

 

ပွဲစပြီး သုံးမိနစ်လောက်မှာကတည်းက မန်စီးတီးအသင်းဟာ မန်ယူအသင်းဘက်ကို ဖိအားပေးကစားနိုင်ခဲ့တာတွေ့ရပါတယ်။ ဒီဘရိုင်းဟာ ခြေစွမ်းပြမှုနဲ့ တိုက်စစ်ဆင်မှုဟာ မန်ယူအသင်းနောက်တန်းကို ဖရိုဖရဲဖြစ်စေခဲ့ပါတယ်။ မန်ယူနဲ့ပွဲထွက်လာတဲ့ မက်ခီတာယန် ခြေစွမ်းသိပ်မပြနိုင်သလို နောက်တန်းကလည်း အမှားများခဲ့ပါတယ်။

play

 

၁၅ မိနစ်မှာ မန်စီးတီးအဖွင့်ဂိုး စရခဲ့ပြီး နောက်တန်းက ကန်တင်လိုက်တဲ့ဘောလုံးကို အီဟာနာချို ခေါင်းတိုက်ချက် ဒီဘရိုင်းဆီ ရောက်သွားတာပါ။ ဒီဘရိုင်းက ဘောလုံးကို တစ်ချက်ထိလိုက်တဲ့အချိန်မှာ မန်ယူနောက်ခံလူ ဘလင်း ကျန်နေရစ်ခဲ့ပြီး ဒီဘရိုင်း လွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းခွင့် ရသွားတာဖြစ်ပါတယ်။

play

 

၃၆ မိနစ်မှာ မန်စီးတီးအသင်း ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။ ညာခြမ်းဂိုးဧရိယာထဲကနေ ဒီဘရိုင်းရဲ့ မထင်မှတ်တဲ့ကန်ချက် တိုင်ကိုထိပြီး ပြန်ထွက်လာတာကို အီဟာနာချိုက တစ်ယောက်တည်းပိတ်သွင်းခွင့် ရခဲ့တာဖြစ်ပါတယ်။

play

ပထမပိုင်း ပြီးခါနီး ၄၂ မိနစ်မှာတော့ မန်ယူအသင်းအတွက် မျှော်လင့်ချက်ဖြစ်စေမယ့် ချေပဂိုး ပြန်ရခဲ့ပါတယ်။ မန်စီးတီးဂိုးသမားသစ် ဘရာဗိုဘောလုံးကို ထွက်ဆွဲရာမှာ လက်ထဲက ပြန်လွတ်ကျလို့ အီဗရာဟီမိုဗစ်ခ်ျ အပြင်းကန်သွင်းယူလိုက်တာ ဖြစ်ပါတယ်။

play

 

ဒုတိယပိုင်းပြန်စပြီးတဲ့နောက် မန်ယူအသင်း ပထမပိုင်းကထက် ကစားပုံပိုကောင်းလာပေမဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေကိုတော့ အားရစရာကောင်းအောင် မလုပ်နိုင်ခဲ့ပါဘူး။ ၅၆ မိနစ်မှာ ဂိုးသမား ဘရာဗိုနဲ့ ရွန်နေး ဘောလုံးယှဉ်လုရင်း ရွန်နေးအနည်းငယ် ဒဏ်ရာရသွားပါတယ်။ ဂိုးသမားဘရာဗိုရဲ့ အငြင်းပွားဖွယ်ရာ ဖျက်ထုတ်မှု ဖြစ်ခဲ့ပေမဲ့ ဘောလုံးကိုထိခဲ့တာကြောင့် အရေးယူ မခံခဲ့ရပါဘူး။

play

 

မိနစ် ၇၀ မှာ ရက်ရှ်ဖို့ဒ်ရဲ့ ကန်ချက် ဂိုးဝင်သွားပေမဲ့ လူကျွံနေတဲ့ အီဗရာဟီမိုဗစ်ခ်ျကို ထိပြီး ဝင်သွားတာကြောင့် ဂိုးအဖြစ်မသတ်မှတ်ခဲ့ပါဘူး။ အဲဒီနောက်ပိုင်း မန်ယူအသင်း ပိုပြီးဖိကစားနိုင်ခဲ့ပေမဲ့ မန်စီးတီးနောက်တန်းအမှားကင်းခဲ့တဲ့အပြင် မန်ယူကစားသမားတွေလည်း အဆုံးသတ် မသေချာတာကြောင့် ဂိုးတော့ ထပ်မရဖြစ်ခဲ့ပါတယ်။

play

ှSouruce : Goal/ Flashscore

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ