EPL: မန်ချက်စတာ ဒါဘီပွဲမှ အပြန်လမ်းတွင် ပရိသတ်များ ရန်ဖြစ်

ပရိသတ်အချင်းချင်း ပုလင်းတွေ၊ လမ်းညွှန်ဆိုင်းဘုတ်တွေကို အသုံးပြုပြီး ရိုက်နှက်ခဲ့ကြတာ ဖြစ်ပါတယ်။

play

 

မန်ယူအသင်းက မန်စီးတီးကို ၁-၂ ဂိုးနဲ့ ရှုံခဲ့တဲ့ မန်ချက်စတာ ဒါဘီပွဲစဉ်အပြီး အပြန်မှာ နှစ်ဖက်ပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။

play

 

မန်ချက်စတာ မြို့အတွင်း Northern Quarter ရပ်ကွက်အတွင်းက Tib လမ်းမထဲမှာ နှစ်ဖက်ပရိတ်သတ်တွေ ရန်ဖြစ်ခဲ့ကြတာပါ။ တစ်ဖက်နဲ့ တစ်ဖက် ရန်ဆောင်နေခဲ့ကြပြီး တစ်ချီမှာတောာ့ အမျိုးသားတစ်ဦးကို နောက်ထပ် လေး၊ငါးဦးလောက်က ထိုးကြိတ်လွှတ်လိုက်တာလည်း တွေ့ရပါတယ်။ အဖွဲ့နည်းတဲ့ဘက်ကလို့ ယူဆရတဲ့အမျိုးသားငါးဦးဟာ မျက်နှာခြင်းဆိုင်က လူအုပ်ကြီှးရှိရာဆီ ရှေ့တိုးသွားနေပြီး စိန်ခေါ်ခဲ့တာလည်း ဗီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။

play

 

အဲဒီအချိန်မှာပဲ ရဲကားတွေရဲ့ ဥသြဆွဲသံကို ကြားလိုက်ရတဲ့အတွက် လူစုခွဲပြီး ထွက်ပြေးသွားကြတာကို တွေ့ရပါတယ်။ မန်ချက်စတာ ဒါဘီပွဲစဉ်မှာ မန်စီးတီးအသင်းက ဒီဘရိုင်း၊ အီဟာနာချိုတို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး မန်ယူဘက်ကတော့ အီဗရာဟီမိုဗစ်ခ်ျရဲ့ တစ်ဂိုးတည်းနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ