EPL: ပရီးမီးယားလိဂ် ပွဲစဉ် (၄) အပြီး တွေးစရာ အချက် (၅) ချက်

ပွဲစဉ် (၄) အပြီးမှာ မန်စီးတီးက ရာနှုန်းပြည့် နိုင်ပွဲနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေဆဲ ဖြစ်ပါတယ်။

play

 

ပရီးမီးယားလိဂ် ပွဲစဉ် ၄ တစ်ခုလုံးဟာ စိတ်လှုပ်ရှားစရာတွေများစွာနဲ့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ပရိသတ် စိတ်ဝင်စားခဲ့တဲ့ မန်ချက်စတာ ဒါဘီမှာ ဂွါဒီယိုလာနဲ့ အပြာရောင် မန်စီးတီး တပ်သားတွေ မျက်နှာပန်းလှခဲ့ပါတယ်။

ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်-၄ အပြီးမှာ ပရိသတ်တွေ ရနိုင်တဲ့ သင်ခန်းစာ (၅) ခုအကြောင်း Mirror သတင်းဌာနက တင်ဆက်ထားပါတယ်။

၁။ ဒီဘရိုင်းရဲ့ ကလဲ့စား

play

 

ချယ်လ်ဆီးမှာ ဒီဘရိုင်းနဲ့ မော်ရင်ဟိုရဲ့ ကျောင်းတော်က ရန်စ ရှိခဲ့ဖူးပါတယ်။ မော်ရင်ဟို သဘောမကျလို့ ဒီဘရိုင်းဟာ ဂျာမန်အသင်းလတ် ဝုလ်ဘတ်မှာ မထင်မရှား သွားကစားခဲ့ရတာပါ။ အခုတော့ မန်ချက်စတာ ဒါဘီမှာမော်ရင်ဟိုကို ကလဲ့စားချေဖို့ ရောက်လာသလား ထင်ရအောင် ဒီဘရိုင်းက ဒီပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

၂။ အာဆင်နယ် ကစားသမားသစ် နှစ်ဦး

play

 

တိုက်စစ်ကစားသမား လူးကပ်ပီရက်ဇ်ရဲ့ ခြေစွမ်းကတော့ ဒီပွဲမှာ သာမန်အဆင့်ထက်တောင် နိမ့်ကျခဲ့ပါသေးတယ်။ ဒါပေမဲ့ ပထမဆုံးပွဲဦးထွက်ဖြစ်လို့ နောက်ပွဲတွေ ပိုကောင်းလာဖို့ ဆက်မျှော်လင့်ရမှာပါ။ ခံစစ်ကစားသမား မူစတာဖီကတော့ ပွဲဦးထွက်မှာပဲ အထင်ကြီးစရာ ခြေစွမ်းကို ထုတ်နိုင်ခဲ့ပါတယ်။

၃။ သတိထားစရာ ဖြစ်လာတဲ့ လီဗာပူး

play

 

လီဗာပူးအသင်းရဲ့ ကစားသမားစာရင်းကို ကလော့ဟာ အပြောင်းအရွှေ့ဈေးကွက်နှစ်ခုလောက်အတွင်း စိတ်ကြိုက်ပြင်ဆင်ခဲ့တာပါ။ အခု ချန်ပီယံ လက်စတာကို ၄-၁ ဂိုးနဲ့ တည်တည်ငြိမ်ငြိမ် အနိုင်ယူလိုက်ပြီးတဲ့နောက် ရာသီအကုန်မှာ လီဗာပူးချန်ပီယံလိဂ်ပြန်ဝင်တော့မှာလားဆိုတာ ပြိုင်ဘက်တွေသတိထားစရာ ဖြစ်လာခဲ့ပါပြီ။

၎။ ချယ်လ်ဆီးကို ကယ်တင်ခဲ့တဲ့ ကော်စတာ

play

 

ချယ်လ်ဆီးအသင်း သရေတစ်မှတ်ရဖို့အတွက် ကော်စတာက ပထမပိုင်းမှာ တစ်ဂိုး၊ ဒုတိယပိုင်းမှာ တစ်ဂိုးသွင်းခဲ့ရပါတယ်။ ဒါတောင် ပွဲပြီးခါနီးမှာ ဟာဇက်ရဲ့တွေဝေမှုကြောင့် ကော်စတာ အနိုင်ဂိုးသွင်းခွင့် မရလိုက်တာပါ။ ကော်စတာရဲ့ ခြေစွမ်းဟာ ချယ်လ်ဆီးအတွက် အရေးပါနေဆဲ ဖြစ်ပါတယ်။

၅။ အတွဲညီဖို့ လိုသေးတဲ့ ဘိုင်လီနဲ့ ဘလင်း

play

 

နောက်ခံ ကစားသမားအတွဖြစ်တဲ့ ဘိုင်လီနဲ့ ဘလင်းတို့ နှစ်ဦးဟန်ချက်မညီ၊ အတွဲမညီိဖြစ်ခဲ့တာကြောင့် ဂိုးတွေပေးလိုက်ရတာပါ။ ဘလင်းရဲ့ ပေါ့ဆမှုကြောင့် ဒီဘရိုင်းကိုလည်း ပထမဂိုးခွင့်ပြုလိုက်ရသလို၊ အီဟာနာချိုရဲ့ ဒုတိယဂိုးလည်း ခွင့်ပြုလိုက်ရပါတယ်။ ပထမဂိုးဟာ ဘိုင်လီရဲ့ အမှားလည်းမကင်းပါဘူး။ အီဟာနာချိုနဲ့ ဘောလုံးကို ခေါင်းခြင်းယှဉ်တိုက်ဖို့ ပျက်ကွက်ခဲ့လို့ ဒီဘရိုင်းဆီ ဘောလုံးရောက်သွားခဲ့တာပါ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ