EPL: မန်စီးတီးလက်ရှိခြေစွမ်းဖြင့် ချန်ပီယံလိဂ်တွင် မအောင်မြင်နိုင်သေးဟု ဂွါဒီယိုလာ ဆို

မန်ချက်စတာ ဒါဘီမှာ အနိုင်ပေမဲ့ ဥရောပအဆင့်မှာတော့ ဒီထက်ပိုကောင်းဖို့ လိုတယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။

play

 

မန်ချက်စတာဒါဘီမှာ အနိုင်ရခဲ့ပေမဲ့လည်း မန်စီးတီးအသင်းရဲ့ ခြေစွမ်းဟာ ချန်ပီယံလိဂ်မှာ အောင်မြင်မှုရလောက်တဲ့ ခြေစွမ်းမျိုး မဟုတ်သေးဘူးလို့ နည်းပြဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။

play

 

ချန်ပီယံလိဂ်မှာ ဒီနှစ်အောင်မြင်ချင်တယ်ဆိုရင် မန်စီးတီးအသင်းက အခုထက်ပိုပြီးခြေစွမ်း ကောင်းမွန်ဖို့ လိုတယ်လို့ ဂွါဒီယိုလာက တိုက်တွန်းလိုက်ပါတယ်။ ဒါဘီပွဲစဉ်မှာ ပထမိပိုင်းအတွင်း မန်စီးတီးက နှစ်ဂိုးသွင်းနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ကစားပုံ အသာစီးမရခဲ့တဲ့အပေါ် နည်းပြဂွါဒီယိုလာက ရည်ရွယ်ပြောဆိုခဲ့တာဖြစ်ပါတယ်။

play

 

မန်စီးတီးအသင်းက လာမယ့် အင်္ဂါနေ့မှာ ပထမဆုံး ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် မိုချမ်ဂလာဘတ် အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ " လောလောဆယ် ပရီးမီးယားလိဂ်မှာတော့ အဆင်ပြေနေပါသေးတယ်။ ဒါပေမဲ့ ဥရောပက အသင်းကြီးတွေနဲ့ ကစားတဲ့အခါဆိုရင်တော့ ကျွန်တော်ဒီပုံစံနဲ့ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီထက်ပိုပြီးဖန်တီးမှုတွေ၊ တိုးတက်မှုတွေ ဖြစ်လာအောင် လုပ်ရဦးမှာပါ" လို့ ဂွါဒီယိုလာက ပြောခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ