EPL: ဒါဘီတွင် ခြေစွမ်းမပြနိုင်သည့် ကစားသမားများ နောက်ပွဲတွင် ထည့်သွင်းမည်မဟုတ်ဟု မော်ရင်ဟိုပြော

ကစားသမားတွေရဲ့ ပွဲထွက်ခွင့်ကို ခြေစွမ်းနဲ့ပဲ ဆုံးဖြတ်မယ်လို့ မော်ရင်ဟိုက ပြောပါတယ်။

play

 

မန်စီးတီးအသင်း ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာ ဒါဘီပွဲမှာ ခြေစွမ်းမပြနိုင်ဘဲ အမှားအယွင်းများစွာ လုပ်ခဲ့မိတဲ့ ကစားသမားတွေကို နည်းပြမော်ရင်ဟိုက နောက်ပွဲမှာ ချန်လှပ်ခဲ့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အထူးသဖြင့် ဒါဘ်ီပွဲမှာ အမှားများခဲ့တဲ့ မက်ခီတာယန်နဲ့ လင်ဂတ်တို့ဟာ ယူရိုပါလိဂ်ပွဲစဉ်မှာ ပါဝင်ခွင့်ရမှာ မဟုတ်ဘူးလို့ မော်ရင်ဟိုက အရိပ်အမြွက်ပြောလိုက်တာပါ။

play

 

ကွင်းလယ်မှာ လင်ဂတ်နဲ့ မက်ခီတာယန်တို့အတွဲ ခြေစွမ်းမပြနိုင်တာကြောင့် မန်ယူအသင်းနောက်တန်း ဒုက္ခရောက်ခဲ့ရပြီး ဂိုးပေါက် အကြိမ်ကြိမ် ခြိမ်းခြောက်ခံခဲ့ရတာဖြစ်ပါတယ်။ လူငယ်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကိုတော့ ဖီယင်နုအသင်းနဲ့ လာမယ့်ယူရိုပါလိဂ်ပွဲစဉ်မှာ ပထမပွဲထွက်စာရင်း ထည့်သွင်းဖွယ် ရှိနေပါတယ်။

play

 

" ခြေစွမ်းကပဲ ဘာဖြစ်လာမယ်ဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်။ ကျွန်တော်လည်း ကစားသမားရဲ့ ခြေစွမ်းကို ကြည့်ပြီးပဲ ဆုံးဖြတ်ရတာပါ။ ဒီတော့ ဒီကစားသမားတွေ နောက်ပွဲပါမှာလား မေးရင်တော့ နိုးပါပဲ။ ဒါဟာ အပြစ်ပေးတာ မဟုတ်ပါဘူး။ ကျွန်တော့်မှာရှိတဲ့ အရာတွေနဲ့ အကောင်းဆုံးဖြစ်အောင်ဖန်တီးဖို့ ကြိုးစားတာပါ" လို့ မော်ရင်ဟိုက ဆိုပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ