EPL: အသင်းသစ်နှင့် ပွဲထွက်ပြီးနောက် အသင်းဟောင်း လီဗာပူးကို ဘာလော့တယ်လီ ဝေဖန်

လီဗာပူးအသင်းမှာ ရှိခဲ့တဲ့ အချိန်တွေဟာ အဆိုးရွားဆုံး အချိန်တွေပဲလို့ ဘာလော့တယ်လီက ပြောပါတယ်။

play

 

နိစ်အသင်းနဲ့အတူ ပထမဆုံးပွဲကာ ခြေစွမ်းပြနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဘာလော့တယ်လီက အသင်းဟောင်း လီဗာပူးကို ပြန်လည်ဝေဖန်လိုက်ပါတယ်။

play

 

ပြင်သစ်ကလပ် နိစ်အသင်းနဲ့ ပွဲဦးထွက်မှာ လီဗာပူးတိုက်စစ်မှူးဟောင်း ဘာလော့တယ်လီက နှစ်ဂိုးသွင်းပြီး အသင်းကို နိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ လီဗာပူးအသင်းကို ပြောင်းရွှေ့ခဲ့ခြင်းဟာ သူ့အတွက် အမှားကြီးမှားခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပြီး အချိန်တွေ ဖြုန်းပစ်သလို ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အကောင်းဆုံးကစားသမားတစ်ယောက် ဖြစ်လာဖို့တော့ နောက်မကျသေးဘူးလို့ ဘာလော့တယ်လီက ပြောပါတယ်။

play

 

" လီဗာပူးမှာ ရှိခဲ့တုန်းက အဆင်ပြေတာပရိသတ်တွေပဲ ရှိပါတယ်။ ကစားသမားအချို့လည်း ကျွန်တော်နဲ့ တွဲရတာ အတော်အဆင်ပြေပါတယ်။ ဒါပေမဲ့ ကျွန်တော်ကြုံခဲ့ရတဲ့ နည်းပြနှစ်ယောက် (ရော်ဂျာ်နှင့် ကလော့) လုံးက အဆင်မပြေပါဘူး။ အဲဒီအသင်းက ကျွန်တော့်အတွက် မှန်ကန်တဲ့အသင်းလို့ဘယ်တုန်းကမှ မခံစားခဲ့ရပါဘူး" လို့ ဘာလော့တယ်လီက ပြောခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ ဘာလော့တယ်လီရဲ့ နိစ်အသင်းက မာဆေးလ်အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ