EPL: တစ်နှစ်အတွင်း ပေါင်သန်း ၅၀၀ ကျော်ရှာနိုင်သည့် အသင်းအဖြစ် မန်ယူစံချိန်တင်

, updated

မန်ယူအသင်းက တစ်နှစ်စာ အသင်းစာရင်းရှင်းတမ်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

play

 

၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွက် ကလပ်အသင်း ဝင်ငွေရှင်းတမ်းကို မန်ယူအသင်းက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ဘောလုံးရာသီမှာမန်ယူအသင်းရဲ့ ဝင်ငွေဟာ စံချိန်ချိုးလောက်အောင် များပြားခဲ့ပြန်တာတွေ့ရပါတယ်။

play

 

၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွင်း မန်ယူအသင်းရဲ့ စုစုပေါင်း ဝင်ငွေဟာ ပေါင် ၅၁၅ သန်းကျော်ရှိခဲ့ပြီး ဗြိတိန်ဘောလုံးသမိုင်းမှာ တစ်နှစ်တည်းနဲ့ ပေါင်းသန်း ၅၀၀ ကျော်ဝင်ငွေရှိတဲ့ ပထမဆုံး အသင်း ဖြစ်လာခဲ့ပါတယ်။ အသင်းရဲ့ တစ်နှစ်တာ အသားတင် အမြတ်ငွေက ပေါင် ၆၈.၉ သန်းရှိခဲ့တယ်လို့ သိရပါတယ်။ ဒီပမာဏဟာလည်း စံချိန်တင် အမြတ်ငွေ ဖြစ်ခဲ့ပါတယ်။

play

 

ယနေ့ ထုတ်ပြန်လိုက်တဲ့ စာရင်းရှင်းတမ်းအရ လူးဝစ္စဗန်ဟားလ်နဲ့ နည်းပြအဖွဲ့ကို ထုတ်ပယ်လိုက်မှုအတွက် စုစုပေါင်း ၈.၄ သန်း ကုန်ကျခဲ့တယ်လို့ သိရပါတယ်။ ကလပ်အသင်းရဲ့ လစာငွေ ရှင်းတမ်းကလည်း အရင်ကထက်ပိုမိုမြင့်တက်လာတယ်လို့ သိရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ