EPL: မန်စီးတီး လက်ရှိခြေစွမ်းကို အားမရသေးသည့် နည်းပြဂွါဒီယိုလာ

မန်စီးတီးရဲ့ ခြေစွမ်းက ချန်ပီယံဖြစ်ဖို့ မလုံလောက်သေးဘူးလို့ ဆိုပါတယ်။

play

 

ပရီးမီးယားလိဂ် ပွဲစဉ် လေးပွဲ ကစားပြီးချိန်မှာ အမှတ်ပြည့်ထားရတဲ့ အသင်းအဖြစ် ထိပ်ဆုံးက ဦးဆောင်နေပေမဲ့ မန်စီးတီးရဲ့ ခြေစွမ်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်လောက်တဲ့ ခြေစွမ်းမျိုး မဟုတ်သေးဘူးလို့ အသင်းနည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။

play

 

မန်စီးတီးအသင်းမှာ လက်ရှိရာသီ အမှတ်ပေးချန်ပီယံဖြစ်ဖို့ ဒါမှမဟုတ် ချန်ပီယံလိဂ်မှာ ရလဒ်ကောင်းဖို့ မျှော်လင့်နိုင်တယ်လို့တော့ ဂွါဒီယိုလာက ဆိုပါတယ်။ ဒါပေမဲ့ လက်ရှိခြေစွမ်းဟာ ဒီရာသီအောင်မြင်မှု ကြီးကြီးမားမားရလောက်အောင် လုံလောက်တဲ့ ခြေစွမ်းမျိုး မဟုတ်သေးလို့ မန်စီးတီးနည်းပြက ယူဆလျက်ရှိပါတယ်။ အထူးသဖြင့် မန်နေဂျာသစ်တွေအတွက်တော့ အမြဲတမ်းတိုးတက်နေအောင် လုပ်ဖို့ ပိုပြီး လိုအပ်တယ်လို့ ဆိုပါတယ်။

play

 

" ထွက်လာရတဲ့ အသင်းရဲ့ရလဒ်တွေအတွက် ကျွန်တော်ပျော်ပါတယ်။ ဒါပေမဲ့ ဒီခြေစွမ်းက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့၊ ချန်ပီယံလိဂ်မှာ အောင်မြင်ဖို့ မလုံလောက်သေးပါဘူး။ ချန်ပီယံဖြစ်ဖို့ ဒီထက်တိုးတက်လာဖို့ လိုပါတယ်။ ကျွန်တော်တို့လို နည်းပြသစ်တွေအတွက် ပိုပြီးလိုပါတယ်။ ယူနိုက်တက်လို၊ ချယ်လ်ဆီးလို၊ ကျွန်တော်တို့လိုအသင်းတွေဟာ အတူတူပါပဲ" လို့ ဂွါဒီယိုလာက ပြောပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ