EPL: အတွေ့အကြုံ ရှိသူများကြောင့် ယခုနှစ်ချန်ပီယံလိဂ်တွင် အောင်မြင်မည်ဟု အာစင်ဝင်းဂါးယုံကြည်

ဒီနှစ်ခေါ်ထားတဲ့ ကစားသမားသစ်တွေရဲ့ အတွေ့အကြုံက ရလဒ်တွေပိုကောင်းစေမှာ ဖြစ်တယ်လို့ အာစင်ဝင်းဂါးက ပြောပါတယ်။

play

 

ဒီနှစ်အာဆင်နယ်အသင်း လူစာရင်းမှာ အတွေ့အကြုံရှိတဲ့ ကစားသမားတွေပါဝင်လာတာကြောင့် အရင်ကထက် ချန်ပီယံလိဂ်မှာ ပိုပြီးအခြေအနေ ကောင်းမယ်လို့ အာစင်ဝင်းဂါးက ယုံကြည်လျက်ရှိပါတယ်။

play

 

ဒီနှစ်နွေရာသီမှာ ခေါ်ယူထားတဲ့ ဆွစ်ဇာလန်အသင်း ခေါင်းဆောင် ရှာခါ၊ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ဖူးတဲ့ မူစတာဖီနဲ့ လူးကပ်စ်ပီးရက်ဇ်တို့ရဲ့ အတွေ့အကြုံတွေ ပေါင်းစပ်ပြီး အာဆင်နယ်ကို ချန်ပီယံလိဂ်မှာ ပိုအောင်မြင်အောင် လုပ်နိုင်မယ်လို့ အာစင်ဝင်းဂါးက ယုံကြည်လျက်ရှိပါတယ်။ အသင်းအရင်က လူငယ်ကစားသမားတွေ အများစုသာ ပေါင်းစပ်ပါဝင်ခဲ့တာကြောင့် ချန်ပီယံလိဂ်လိုပြိုင်ပွဲမှာ အောင်မြင်မှု မရဖြစ်ခဲ့ပြီး အခုတော့ အတွေ့အကြုံပိုရှိတဲ့ လူစာရင်းက အကူအညီပေးလိမ့်မယ်လို့ အာစင်ဝင်းဂါးက ပြောပါတယ်။

play

 

" ကွင်းသစ်တည်ဆောက်နေတဲ့ အချိန်ကစလို့ ကျွန်တော်တို့ လူငယ်ကစားသမားတွေကိုပဲ အသုံးပြုခဲ့တယ်။ လူအင်အားဖြည့်ဖို့ အရင်းအမြစ် မရှိဘူးလေ။ အခုတော့ ၂၄ နှစ်ကနေ ၃၀ လောက်ရှိတဲ့ ကစးသမားတွေ ပါလာခဲ့ပါပြီ။ အတွေ့အကြုံနဲ့ ကာယယှဉ်ပြိုင်နိုင်မှုမှာ အထောက်အကူ ဖြစ်မယ်လို့ ထင်တယ်" လို့ အာစင်ဝင်းဂါးက ပြောပါတယ်။ ဒီလို အတွေ့အကြုံရှိတဲ့ ကစားသမားတွေ ပေါင်းစပ်ပါဝင်တဲ့ အသင်းမျိုး မဖြစ်တာ အတော်ကြာပြီလို့လည်း အာစင်ဝင်းဂါးက ဝန်ခံပါတယ်။

ှSource : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ