EPL: မနာလိုသူများ ဝိုင်းဝန်းဝေဖန်မှုကို ပေါ့ဂ်ဘာ ခံနေရဟု အီဗရာဟီမိုဗစ်ခ်ျ ကာကွယ်ပြောကြား

, updated

ပေါ့ဂ်ဘာကို ဝေဖန်သူတွေဟာ မနာလိုဖြစ်နေကြသူတွေလို့ ဆိုပါတယ်။

play

 

ပေါ့ဂ်ဘာအပေါ် ဝေဖန်နေကြသူတွေဟာ ပေါ့ဂ်ဘာကို မနာလိုသူတွေဖြစ်ကြောင်း မန်ချက်စတာ ယူနိုက်တက်အသင်းဖော် ဇလေတန်အီဗရာဟီမိုဗစ်ခ်ျက ကာကွယ်ပြောကြားလိုက်ပါတယ်။

play

 

စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဒီရာသီအစမှာ အသင်းကို ရောက်လာပေမဲ့ မျှော်လင့်ထားသလောက် ခြေစွမ်းမပြနိုင်သေးတဲ့အပေါ် ပေါ့ဂ်ဘာဟာ ဝေဖန်မှုတွေ ခံနေရတာဖြစ်ပါတယ်။ ဂိုးဖန်တီးပေးမှုတွေ၊ ဂိုးသွင်းမှုတွေ မပြုနိုင်သေးတဲ့အတွက် ပေါ့ဂ်ဘာဟာ ဖိအားများနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ပေါ့ဂ်ဘာကို ဘေးကနေ ဝေဖန်နေသူတွေဟာ ပေါ့ဂ်ဘာရဲ့အောင်မြင်မှုကို မနာလိုသူတွေ ဖြစ်တယ်လို့ အီဗရာဟီမိုဗစ်ခ်ျက ပြောပါတယ်။

play

 

" မနာလိုသူတွေကတော့ ပေါ့ဂ်ဘာအကြောင်းတွေ အမြဲပြောနေမှာပဲ။ စကားလုံးတွေနဲ့ ထိုးနှက်ဖို့ ကြိုးစားမှာပါ။ ဒါပေမဲ့ ပေါ့ဂ်ဘာက ဒီလူတွေ အားလုံးကို နောက်မှာ ချန်ထားခဲ့လိမ့်မယ်။ ပေါ့ဂ်ဘာဟာ အရည်အသွေးတွေ အများကြီးရှိတဲ့ ကစားသမားပါ " လို့ အီဗရာဟီမိုဗစ်ခ်ျက ဆိုပါတယ်။ ပေါ့ဂ်ဘာဟာ အမြဲတိုးတက်အောင် ကြိုးပမ်းနေတဲ့ ကစားသမားဖြစ်ပြီး စိတ်နေစိတ်ထား ကောင်းမွန်သူလည်း ဖြစ်ကြောင်း မိုဗစ်ခ်ျက SFR သတင်းဌာနကို ပြောခဲ့ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ