EPL: လီဗာပူးနှင့် နည်းပြဂျာဂန်ကလော့တို့အပေါ် နည်းပြဟောင်း အဲလက်စ်ဖာဂူဆန် ဝေဖန်မှတ်ချက်ပြု

ဂျာဂန်ကလော့ဟာ လီဗာပူးအတွက်သင့်တော်တဲ့ နည်းပြလို့ မှတ်ချက်ပေးခဲ့ပေမဲ့ တစ်ဖက်မှာလည်း ဝေဖန်မှု အချို့ ပြုလုပ်ခဲ့ပါတယ်။

play

 

ပြီးခဲ့တဲ့ ရာသီမှာ ယူရိုပါလိဂ် ဗိုလ်လုပွဲရောက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ လီဗာပူးအသင်းနဲ့ နည်းပြဂျာဂန်ကလော့ကို  မန်ယူအသင်းနည်းပြဟောင်း အဲလက်စ်ဖာဂူဆန်က ချီးကျူးပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း ဗိုလ်လုပွဲမှာ ရှုံးခဲ့တဲ့ ရလဒ်အတွက် နည်းပြဂျာဂန်ကလော့ရဲ့ နည်းစနစ်ကို ဝေဖန်ခဲ့ပါသေးတယ်။

play

 

ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ၂၀၁၅-၁၆ ဘောလုံးရာသီ နည်းစနစ် အစီရင်ခံစာထဲမှာ ဖာဂူဆန်က အခုလို သုံးသပ်ထားတာဖြစ်ပါတယ်။ ကွင်းဘေးကနေ အသင်းကိုညွှန်ကြားခဲ့တဲ့ ဂျာကန်ကလော့ရဲ့ နည်းစနစ်တွေဟာ စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် ဂျာဂန်ကလော့နဲ့ လီဗာပူးအသင်းဟာ လိုက်ဖက်ညီတဲ့ တွဲစပ်မှု ဖြစ်တယ်လို့ မှတ်ချက်ပြုထားပါတယ်။

play

 

ယူရိုပါလိဂ်ဗိုလ်လုပွဲ ပထမပိုင်းအပြီးမှာ လီဗာပူးအသင်းရဲ့ ကစားပုံဟာ ကောင်းမွန်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ ဂတ်စ်ကုန်တဲ့ယာဉ်တစ်စီးလို ဖြစ်သွားခဲ့တယ်လို့ ဖာဂူဆန်က ဝေဖန်ခဲ့ပါတယ်။ " ဒုတိယပိုင်းမှာ စွမ်းအင်မရှိ၊ ဘောလုံးပိုင်ဆိုင်မှု မရှိဘဲ ကွင်းလယ်ကလည်း နေရာအလွတ်တွေ အများကြီး ဖြစ်သွားခဲ့ပါတယ်" လို့ နည်းစနစ် သုံးသပ်ချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

play

 

ဗိုလ်လုပွဲမှာ လီဗာပူးအသင်းက ပထမပိုင်းစတာရစ်ခ်ျရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ဂိုးတွေ ပြန်ပေးလိုက်ရလို့ ၃-၁ ဂိုးနဲ့ ရှုံးခဲ့ပါတယ်။

Source : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ